ပရိသတ်အချစ်တော်မင်းသမီးချောလေး ဆုမြတ်နိုးဦးကိုတော့ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးထားပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုများစွာ ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေက ပရိသတ်တွေကိုဖမ်းစားစေခဲ့တာပါ။

ယခုအခါမှာလည်း မိုးရေထဲမှာ ကလေးလေးတစ်ယောက်လို ဆော့ကစားနေတဲ့ ဓာတ်ပုံလေးတွေကိုသူမရဲ့လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ဓာတ်ပုံလေးတွေကတော့ တကယ့်ကိုချစ်စရာကောင်းနေတာကတော့အမှန်ပါပဲ။

သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"ရှုတင်အပြန်ဟိုတယ်ရောက်တော့ မိုးရေထဲ ဓာတ်ပုံထွက်ရိုက်.. မိုးရေနဲ့ချော်လဲအမှတ်တရ "ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။အဖြူရောင်ဝမ်းဆက်လေးနဲ့ မိုးရေထဲမှာလှချင်တိုင်းလှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေသဘောကျနှစ်ကြိုက်မိလိမ့်မယ်လို့လည်းထင်ပါတယ်။သူမရဲ့ပရိသတ်တွေအနေနဲ့လည်း သူမအတွက် အားပေးစကားလေးတွေပြောခဲ့ကြဖို့မမေ့နဲ့အုံးနော်...

သတင်းအရင်းအမြစ်-ဆုမြတ်နိုးဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။