စူစူလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးအိချောပိုကတော့ တောဓလေ့လေးနဲ့အတူ ရိုးရိုးလေးချစ်စရာကောင်းနေတဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေလိုက်ပါတယ်..။
မင်းသမီးချောလေးအိချောပိုကတော့ လတ်လောမှာ ဇာတ်ကားရိုက်ကူးရေးအတွက် အခြားအနုပညာရှင်များနဲ့အတူ ပျော်ဘွယ်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်..။



ပျော်ဘွယ်မြို့မှာ “လူလည်ကြီးများရွာ” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတာဖြစ်ပြီး ဇာတ်ကားရိုက်ကွင်းပုံရိပ်လေးတွေကိုလည်း စူစူက ပြန်လည်မျှဝေထားပါသေးတယ်..။
အဲ့ဒီဇာတ်ကားမှာ မကျင်ပုလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး တောဓလေ့လေးတွေနဲ့အတူ ချစ်စရာကောင်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကတော့ ရိုးရိုးယဉ်ယဉ်လေးလှနေတာမို့ ပရိသတ်တွေကို အချစ်ပိုစေတာ တွေ့ရပါတယ်..။



“လူလည်ကြီးများရွာ” ဇာတ်ကားကိုတော့ ဒါရိုက်တာကိုပေါက်က ရိုက်ကူးပုံဖော်နေတာဖြစ်ပြီး ခန့်စည်သူ၊ ပြေတီဦး၊ ခိုင်သင်းကြည်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်.. ။
ရိုက်ကွင်းပေါ်က စူစူလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။




Photo - စူစူ
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။