မန္တလေးမြို့ကို သွားရောက်လည်ပတ်ကြတဲ့ ချစ်သူတွေဘဲ ဖြစ်ဖြစ် မန္တလေးမြို့ကချစ်သူ စုံတွဲတွေဘဲ ဖြစ်ဖြစ် သွားရောက်လည်ပတ်သင့်တဲ့နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ။ မန္တလေးနယ်ခံတွေအတွက်ကတော့ ကိစ္စမရှိပေမယ့် တခြားမြို့ကလာရောက် လည်ပတ် တဲ့ချစ်သူစုံတွဲတွေအတွက် ဘယ်သွားရမှန်းမသိဖြစ်နေရင်တော့ ဒီစာလေးကို ဆုံးအောင် ဖတ်သွားပါနော် ။

ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားကို မေ့ထားလို့မရသလို မန္တလေးရောက်ရင်တော့ မဟာမြတ်မုနိဘုရားကြီးကို မေ့ထားလို့မရပါဘူးနော် ။ အဲဒါကြောင့် နံနက်ပိုင်း မနက်စော စော လေး ထပြီး မဟာမုနိဘုရားကြီးကိုသွားဖူးသင့်ပါတယ် ။ မနက် ၄နာရီလောက် စော စောထ နိုင် တယ်ဆိုရင်တော့ ဘုရားမျက်နှာသစ်တော်ရေ ကပ်တာပါဖူးခွင့်ရမှာပါ ။

မနက်စာ စားမယ်ဆိုရင်တော့ ရှမ်းခေါက်ဆွဲကြိုက်တတ်တဲ့သူတွေအတွက် " ရွှေမူဆယ်" ဝက်သားလုံး / အမဲလုံး ကိုး စားဖြစ်အောင် စားသွားသင့်ပါတယ် ။ မန်းလေး မုန့်တီ နန်းကြီး သုပ် စားချင်တယ်ဆိုရင်တော့ " စိုးစိုး " "ဒေါ်တော" "ရွှေရောင်လင်း" တို့မှာသွားရောက်ပြီး စားသင့်ပါတယ်နော် ။ ခိုတောင် မုန့်တီစားချင်ရင်တော့ အောင်တော်မူ ဘုရားနားက "ခိုတောင်သူလေး" "၂၉လမ်း မောင်ကိန်းရွှေဆိုင်နားက ခိုတောင်ဗန်းရွက်ဆိုင်" မှာ စားဖြစ် အောင်စားပါနော် ။ လက်ဖက်ရည်ဆိုင် ထိုင်မယ်ဆို "Unique” “Generation “ ကတော့ ရှယ်ဘဲနော် ။

မနက်စာစားပြီးရင်တော့ နေအရမ်းမပူခင် ကျုံးဘေးလေးမှာ နှစ်ယောက်အတူ လမ်းခဏ လျှောက်ပြီး ဓါတ်ဖမ်းလို့ရသေးတယ်နော် ။ နန်းတွင်းထဲက မြနန်းစံကျော် ရွှေနန်းတော် ကိုလည်း ဝင်လည်လို့ရပါတယ် ။ မှတ်ပုံတင်လည်း ယူသွားဖို့မမေ့နဲ့နော် နန်းတွင်းထဲဝင်ရင် မှတ်ပုံတင်ပြရပါတယ် ။

နန်းတွင်းကထွက်ရင် မန်းတောင်ခြေက "ကုသိုလ်တော်" "စန္ဒာမုနိ" "ကျောက်တော်ကြီး" "သတ္တဌာန" "ရွှေကျောင်း" "အတုမရှိကျောင်း" ဘက်တွေ သွားလည် တနေရာနဲ့ တနေရာ နီးနီးလေးတွေဆိုတော့ တစ်ဆက်ထဲသွားလည်လိုက်လို့ရပါသေးတယ် ။ နှစ်ယောက်အချိန်ရသေးတယ်ဆိုရင်တော့ မန်းလေးတောင်ပါတက်လို့ရသေးတယ်နော် ။

နေ့လည်ပိုင်းရောက်ရင်တော့ နေ့လည်စာကတော့ ရွေးမယ်ဆိုရင် မြန်မာ ထမင်းဟင်းမှ ကြိုက်တတ်တယ်ဆိုရင်တော့ "အေးမေတ္တာ" "ဒေါ်လေးမေ" "တူးတူး" "မင်္ဂလာပါ" "ဒေါင်းလန်းကြီး" ၊ ကချင်ဇကောထမင်းဆို "ယမုံနာ"

Europium food ဆို “ Cafe City” “ Coffee Korner” “Royal Mandalay “ တွေမှာ သွားစားလို့ရတယ်နော် ။

Korea စာကြိုက်တတ်ရင်တော့ “Korea Town” ၊ Japan စာဆို " Fuji” “Sushi House” “ရိုးရာ" Thai စာဆို "ထိုင်းမယ်အောင်" Hotpot ဆို "Fudo” “Hotpot Garden “ မာလာရှမ်းကော - "Spicy House” “သင်းပျံ့မွှေး" စတဲ့ဆိုင်တွေ က အရသာကောင်းတယ်လို့ ညွှန်းလိုက်ပါရစa။

နေ့ခင်းဘက်အေးအေးဆေးဆေး နေရာမျိုးသွားချင်တယ်ဆိုရင်တော့ သွားသင့်တာက မင်္ဂလာမန္တလေး-New Ocean” မှာ Shopping ထွက် , ရုပ်ရှင်ကြည့်ပြီး ဗိုက်ပြန်ဆာရင် KFC , Lotteria တို့မှာ ကြက်ကြော်ဆွဲပြီး အအေးဆိုင်တေ ပါတ်သောက် ပစ်လိုက်လို့ရ တယ်နော် ။  လမ်းဘေးအအေးဆိုင်ဆို - "ဖောင်တော်သီ" "လေပြေညင်း"ဆိုင်တွေကို ညွှန်းလိုက်ပါရစေနော် ။

ညနေစောင်း လည်ပတ်ချင်တယ်ဆိုရင်တော့ ညနေ sunset လေးကို "ဦးပိန်တံတား" မှာသွားကြည့်သင့်ပါတယ် ။ လူမရှုပ်ရင်တော့ Romance ပဲနော် ။ ငှက်လှေလဲ စီးလို့ရတယ် ။ ဦးပိန်မှာ "သဇင်နွယ်" က အကြော်စုံ ၊ ဆိတ်သားထောင်း ၊ ငါးဖယ်လုံးချဉ်စပ် ဟင်းရည် သောက် ပီးရင် အုန်းရည်လေးသောက် ရှယ်ဘဲနော် ။

ဦးပိန်မသွားပဲ နှစ်ကိုယ်တူချစ်စကားလေးတွေ ပြောဖို့ အေးအေးဆေးဆေး စကားပြောဖို့ရည်ရွယ်ထားရင်တော့

" Goffee- Coffee” “Cafe Nova” “Teapresso” “Next Station” “Milan” “Full House” “Chabuzz”ဆိုင်လေးတွေက အဆင်ပြေပါတယ်နော် ။

မန္တလေးရောက်တုန်း ရတနာပုံတက္ကသိုလ်ထဲကို သွားရောက်လည်ပတ်ပြီ းအမှတ်တရ ဓာတ်ဖမ်းလို့လဲရသေးတယ်နော် ။ ချစ်သူကောင်မလေးက ဒုတ်ထိုးကြိုက်တယ်ဆိုရင်တော့ - "တွတ်ပီ" "မြင့်လွင်" တို့ဒုတ်ထိုးဆိုင်ကိုလိုက်ပို့လိုက်ပို့သင့်ပါတယ် ။ အကင်ဆို - ဝင်းဝင်း ၊ မိန်းထဲက အကင်ဆိုင်တန်း တွေက အရသာရှယ်ဘဲနော် ။

နှစ်ယောက်အတူတူ မန္တလေးလာပြီး ဘယ်သွားရမှန်း ရေရေရာရာ မသိသေးတဲ့ trip အတူတူ ထွက်မယ့် ချစ်သူစုံတွဲတွေအတွက် သွားရောက်လည်ပတ်လို့ရမယ့်နေရာတွေ ဖော်ပြပေးလိုက်ပြီနော် ။

ဒီထဲက တချို့နေရာတွေ ကိုယ်တိုင် မသွားတတ်ဘူးဆိုရင်တော့ Mini Oway တို့ Grab သုံးဘီး တို့ Get Ride Taxi Service တို့ရှိလာတော့ သွားရေးလာရေးလဲ အဆင်ပြေလို့ လမ်းညွှန်ပေးလိုက်ပါတယ် ။

Source : Siraveller - Let’s Travel with SiThu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။