မိန်းကလေးတွေက ယောက်ျားလေးတွေထက် သဝန်တိုစိတ်ပိုမိုပြင်းထန်ပါတယ် ။ သင်နဲ့ပတ် သတ်တဲ့ အသေးမွှားလေးတွေက အစ သူအကြီးကြီးပေါက်ကွဲနေပြီဆိုရင်တော့ အရမ်း ချစ် လို့ဆိုတာ နားလည်ထားလိုက်ပါတော့နော် ။ သဝန်တိုတတ်တဲ့ မိန်းကလေးတွေဆိုတာ အရမ်းချစ်တတ်တဲ့ မိန်းကလေးတွေဘဲဖြစ်ပါတယ် ။ သင့်ကိုချစ်လွန်းလို့ သင်နဲ့ပတ်သတ်တဲ့ လုပ်ဖော်ကိုင်ဖက် ၊ မိန်းကလေးသူငယ်ချင်းတွေနဲ့ကအစ လိုအပ်တာထက် ပိုတွေးပြီး သဝန် တိုတတ်နေတာပါ ။ သဝန်တိုတတ်တဲ့ကောင်မလေးတွေရဲ့အမူအကျင့်တွေမှာ ဒီအချက် လေးတွေပါဝင်နေပါတယ်နော် ။

၁ ။ ဘယ်ရောက်နေလဲ ? ဘာလုပ်နေလဲ ? လို့မကြာခဏဖုန်းဆက်မေးမယ်

သင်ဘယ်ရောက်နေလဲ၊ ဘယ်သူတွေနဲ့ရှိနေလဲ ၊ ဘာတွေလုပ်နေလဲဆိုတာကို သူအမြဲ သိ ချင်နေပါလိမ့်မယ်။ ဒါကြောင့်မကြာခဏ ဖုန်းဆက်ပြီးသင့်ကို Check ပါလိမ့်မယ် ။ အဲဒီအချိန် သင်အမှန်တိုင်းပြောရင်တောင် သံသယများပြီး သဝန်တိုတတ်တဲ့ သင့်ချစ်သူက ယုံမှ မဟုတ်ပါဘူး ။ ရောက်တဲ့နေရာကနေ ဓာတ်ပုံပို့ပေး ဒါမှမဟုတ် video call ခေါ်ဆိုပြီး ရစ်တော့မှအသေချာပါဘဲ ။

၂။ လူမှုကွန်ယက်ကိုအကြောင်းပြုပြီး ပြသနာရှာမယ်

သင့်ကိုစိတ်မချလို့ လူမှုကွန်ယက်စာမျက်နှာမှာ Relationship ချိတ်ထားမယ် ။ သင်နဲ့ ရည်းစားဖြစ်ကြောင်း လူတွေသိအောင် ပို့စ်တွေ ပုံတွေ တင်ပါလိမ့်မယ် ။ သူဟာ သင့်ရဲ့ပိုင် ရှင် ဖြစ်ကြောင်းကြေငြာမောင်းခတ်လိုက်တဲ့သဘောပါ ။ သင်သာ တခြားကောင်မလေးတွေ ကို Love react သွားပေးလိုက်မိတာ တခြားကောင်မလေးတွေ ပို့စ်မှာ comment ပေးမိ တာမျိုး သူတွေ့သွားရင်တော့ ဖြေရှင်းဖို့သာပြင်ထားပေးတော့ သင်တစ်ညလုံး မအိပ်ရအောင် ရစ်တော့မှာပါ ။

၃။ Fake account နဲ့ စမ်းသပ်မယ်

သင့်ကို စိတ်ဆိုးပြီး Unfri (or) block လုပ်ထားရင်တောင် သင့်ကို fake account တစ်ခုနဲ့ အမြဲ Check နေမှာ အသေချာပါဘဲနော် ။ fake account နဲ့လာကျူကောင်းကျူလိမ့်မယ် သင်သာ ပြန်ကျူမိလိုက်ရင်တော့ ဖြေရှင်းဖို့သာပြင်ထားပေတော့ ။

၄။ ဖုန်းမကြာခဏယူစစ်မယ်

သင့်ဖုန်းကို မကြာခဏယူစစ်ပါလိမ့်မယ် ။ ဖုန်းအဝင် call တွေ ဖုန်းအထွက် call တွေ sms တွေ၊ Gallery နဲ့ လူမှုကွန်ယက်အကောင့်တွေ အကုန်စစ်ဆေးပါလိမ့်မယ် ။ မသင်္ကာစရာ Chat list တွေ ဓာတ်ပုံတွေ မက်ဆေ့ချ်တွေ တွေ့ရင်တော့ သေပြီဆရာပေါ့နော် ။ ဖြေရှင်းတာ မဖြေရှင်းတာ နောက်ထား ရစ်တာခံပေတော့ဘဲ ။

၅။ သူငယ်ချင်းမိန်းကလေးတွေနဲ့သဝန်တိုမယ်

သူငယ်ချင်းမိန်းကလေးတွေနဲ့သာ သူ့ရှေ့မှာရင်းရင်းနှီးနှီးဆက်ဆံမိလို့ကတော့ သူငယ် ချင်းကောင်မလေးတွေ ကွယ်တာနဲ့ သင်ဗိုက်ခေါက်လိမ်ဆွဲခံရပြီသာမှတ်လိုက်တော့ ။ အကြောင်းကတော့ သူကလွဲပြီး တခြားဘယ်မိန်းကလေးနဲ့မှ ရင်းနှီးတာ အရောဝင်တာမျိုး သူသဘောမကျလို့ သဝန်တိုလို့ပါဘဲ ။

Phyo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။