စူစူ လို့ချစ်စနိုးခေါ်ရတဲ့ အိချောပိုဟာ ပရိသတ်အားပေးမှု အပြည့်ဝရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေးဘဲ ဖြစ်ပါတယ်။ သူမက လှပတဲ့ ခန္ဓာကိုယ်အချိုးအစားရှိပြီး မြန်မာဝတ်စုံလေး တွေနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့ မင်းသမီးလေးပါ ။ အနုပညာလှုပ်ရှားမှု အနေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးနေတယ်လို့သိရပါတယ် ။ 

ဒီနေ့မှာတော့ သူမဟာ ရိုက်ကွင်းတစ်ခုပေါ်က ဇာတ်ဝင်ခန်းတစ်ခုဖြစ်တဲ့ JJ ဘောင်းဘီ နဲ့ ကြက်တိုက် နေတဲ့ပုံရိပ်တွေကို သူမရဲ့လူမှုကွန်ယက် စာမျက်နှာကနေတစ်ဆင့် ပရိသတ်ကို မျှဝေပေးခဲ့ပါတယ်။ ဆံထုံးမှာ ကြက်တောင်မွှေး တစ်ချောင်းထိုးထားပြီး JJဘောင်းဘီနဲ့ ဂျပန်ဖိနပ်စီးထားတဲ့ သူမရဲ့ပုံဟာ တကယ်ကို သရုပ်ပီပြင်လွန်းပါတယ် ။ 

သူမဟာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ် ။ စူစူ ကိုချစ်တဲ့ ပရိသတ်ကြီးအတွက် သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source: Ei Chaw Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။