မဟာတန်ခိုးရှင် ဟာနုမာန် ကို ကြည့်ရှုပြီးကြသူတိုင်း ဟနုမာန် အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဘေဘီဟနုမာန်လေးကို သတိရကြမှာပါ ။ မဟာတန်ခိုးရှင် ဟာနုမာန် ငယ်ဘဝမှာ မယ်တော် အဉ္စနာ အပေါ်သိတတ်မှု ၊ အကင်းပါးမှု၊ ပြိုင်စံရှားတဲ့ ဉာဏ်ပညာရှိမှုတွေကို သရုပ်ဆောင်ပြသခဲ့တာကတော့ ကလေးသရုပ်ဆောင် Ishant Bhanushaliဘဲဖြစ်ပါတယ်။

သရုပ်ဆောင်ကောင်းလွန်းတဲ့ ဘေဘီ ဟာနုမာန်လေးဟာ တခြား ရာဇဝင် ရုပ်သံဇာတ်လမ်းတွေ "Peshwa Bajirao" မှာလည်းသရုပ်ဆောင်ထားပါသေးတယ်။ဒီလို သရုပ်ဆောင်ကောင်းလွန်းတဲ့ ဘေဘီဟာနုမာန်လေးဟာ ခေသူတော့မဟုတ်ပါဘူး။ Ishant Bhanushali ဟာ ၂၀၁၄ ခုနှစ်ကတည်းက သရုပ်ဆောင်လောက ကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ် ။ ဒါ့အပြင် မင်းသားကြီး ဆလန်မာန်ခန်း (Salman Kham) နဲ့ တွဲဖက်ပြီၤး ' Bajanrangi Bhaijaan' ရုပ်ရှင်ကားမှာပါဝင်သရုပ်ဆောင်ထားပါတယ်။ 

ချစ်စရာ သားသားလေး ဟာနုမာန် တစ်ယောက် ပြင်ပလောကမှာလည်း ချစ်စဖွယ်အမူအရာလေးတွေကြောင့် လူချစ်လူခင်ပေါတဲ့အပြင် 2016 Gold Award ရဲ့ အထူးချွန်ဆုံးကလေးသရုပ်ဆောင်ဆုကို လည်း ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ် ။ ပရိသတ်ကြီးအတွက် ရိုက်ကွင်း နဲ့ ပြင်ပလောက က ဟာနုမာန် ရဲ့ ပုံလေးတွေ ကို ပရိသတ်ကြီးအလွမ်း ပြေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဘေဘီဟာနုမာန်လေးကို သတိရကြသေးလား ပရိသတ်ကြီးရေ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။