နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ ခိုင်သင်းကြည်ရဲ့ ချစ်စဖွယ်သမီးလေး စံထိပ်ထားဦး တစ်ယောက် ဘန်ကောက်ကို အလည်အပတ်ခရီးရောက်ရှိနေတယ်လို့သိရပါတယ် ။ သူမ ရဲ့အမေရဲ့ခြေရာကိုနင်းမယ့် ချစ်စဖွယ်အမူအရာလေးတွေနဲ့ အရမ်းကိုချစ်စရာကောင်းနေပါ တယ် ။ သူမက လက်ရှိမှာတော့ ကြော်ငြာလေးတွေ ရိုက်ကူးနေပြီး သီချင်းဆိုရတာကိ ုသရုပ်ဆောင်ရတာထက် ပိုဝါသနာပါတယ်လို့ဆိုပါတယ် ။ သူမအသက်ရွယ်က ဟိုမရောက် ဒီမရောက်ဖြစ်နေသေးလို့ အနုပညာအလုပ်ထက် ကျောင်းစာကို ပိုဦးစားပေးနေတယ်လို့လဲ သိရပါတယ် ။

သူမရဲ့အမေဖြစ်သူ ခိုင်သင်းကြည်ကလည်း သူမ ဖြစ်ချင်တာကို Supporting ပေးပါတယ်လို့ သူမက ပြောပါတယ် ။ သူမဖြစ်ချင်တာမှန်သမျှတားစီးပိတ်ပင် ခြင်း တစ်ခုမှမရှိဘဲ သူ မမိဘတွေက အပြည့်အ၀ ပံ့ပိုးကူညီပေးတယ်လို့လဲသိရပါတယ် ။ သူမ က သူမအမေရှိရာ ရှုတင်တွေကို တောက်လျှောက်လိုက်လေ့ရှိပြီး မေမေနယ်ကို ရိုက်ကူးရေးသွား တဲ့အချိန် တွေကို အရမ်းကိုလွမ်းတယ်လို့ အင်တာဗျူးတော်တော်များများမှာ ဖြေဆိုတာတွေ့ရပါတယ် ။ သူမ အမေက ရုပ်ရှင်ရိုက်ဖို့ခွင့်မပြုသေးတဲ့အတွက် သူမ ဘဝအတွက်သေချာတဲ့ ကျောင်း စာကိုဘဲ ပိုအားစိုက်သွားမယ်လို့သိရပါတယ် ။

သူမကို မလှဘူးလို့တချို့က ဝေဖန်ကြတဲ့အပေါ် စိတ်မကောင်းဖြစ်ပေမယ့်လည်း သူမရဲ့ မိခင် ခိုင်သင်းကြည်ကတော့ ထိပ်ထိပ်လေးက သူမဘဝမှာ အလှဆုံးဘဲ လို့ဆိုတာကြောင့် သူမ ပျော်ပါတယ်လို့ ဆိုပါတယ် ။ အခုလက်ရှိ မှာသူမဘန်ကောက်ကို အလည်အပတ် ရောက် နေတဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို ခိုင်သင်းကြည်က သူမရဲ့ Facebook စာမျက်နှာ မှာဖော် ပြခဲ့ပါတယ် ။ ကဲ..ထိပ်ထိပ်လေးကို အားပေးတဲ့ပရိသတ်တွေကို ထိပ်ထိပ်ရဲ့ ချစ်စရာပုံရိပ် လေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်နော် ။

Source : Khine Thing Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။