သင့်အနားမှာ ရှိတဲ့ သူက ဒီလို အချက်တွေနဲ့ ပြည့်စုံနေပြီဆိုရင်တော့ တကယ်ပဲ သင့်ကို သိပ်ချစ်လို့ပါပဲ။ သင့်ချစ်သူက ဒီလို အချက်တွေနဲ့ မပြည့်စုံဘူးဆိုရင်လည်း သူ့ကို အပြစ်တင် မစောပါနဲ့ဦး။ တကယ် ချစ်တဲ့သူတိုင်း ဒီလို အချက်လေးတွေ လိုက်လျောတတ်တယ် ဆိုတာ သူ နားလည်အောင် ရှင်းပြလိုက်ပါနော် …. သူက သင့်အပေါ်မှာ ချစ်လို့ ဆိုးနေတာလည်း ဖြစ်နိုင်ပါတယ်။

ကောင်လေးတွေပဲဖြစ်ဖြစ်၊ ကောင်မလေးပဲဖြစ်ဖြစ် တကယ်ချစ်ရင် ပြုမူတတ်တဲ့ အခြေခံ အချက် ၁၂ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ သင့်ချစ်သူနဲ့ရော ဘယ်နှစ်ချက် ကိုက်ညီလဲ စမ်းသပ်ကြည့်ကြပါစို့ … ။
(၁) သင့်ကို တွေ့ရင် ပျော်ရွှင်နေတတ်တယ်
(၂) သင်ပြောတဲ့ စကားကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးတယ်
(၃) သင့်ပေးတဲ့ အကြံဉာဏ်ကို တန်ဖိုးထားတယ်
(၄) အိမ်ပြန်ခါနီး (သို့မဟုတ်) ဖုန်းချခါနီးတိုင်း နှုတ်ဆက်စကားကို ကောင်းကောင်းပြောတတ်တယ်
(၅) အမြဲတမ်း သင့်ကို ကူညီတယ်

(၆) အမှတ်တရနေ့တွေကို အမြဲ မှတ်မိနေတယ်
(၇) စိတ်လှုပ်ဖို့ကောင်းတာ ၊ ဝမ်းသာ ကြည်နူးဖို့ ကောင်းတာလေးတွေကို ဖန်တီးပေးတယ်
(၈) သင်ကြိုက်တဲ့ အရာမှန်သမျှကို သူလည်း ကြိုက်တယ်
(၉) သင်နဲ့ အတူ အချိန်တွေကို ကဗျာဆန်တယ်
(၁၀) သင်နဲ့ ပတ်သက်ပြီး ဂုဏ်ယူတယ်
(၁၁) သင့်ကို ကာကွယ်ပေးတယ်
(၁၂) သင့်ဘက်က အမြဲရှိတယ်
ချစ်သူတိုင်း နာလည်မှုတွေရှိကြပြီး လူတိုင်း လူတိုင်း ချစ်ရသူနဲ့ ပေါင်းဖက်နိုင်ကြပါစေ ရှင်။

Tina
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။