အရိပ်ထဲမှာ ရိုမက်တစ်ဆန်ဆန် ပိုစ်အလန်းစားတွေကို ရိုက်ကူးပြီး ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်သူက တော့ ပြည်သူ့အချစ်တော် စူပါ့စူပါမင်းသားကြီးရန်အောင်ပါ။ ဒီတစ်ခေါက်မှာတော့ ရိုမက်တစ်ဆန်တဲ့ ပုံတွေအတွက် ပါရမီဖြည့်ပေးသူက စူပါမင်းသမီးကြီး စိုးမြတ်သူဇာပါ။
အဆိုပါပုံလေးတွေကို သုံးဖက်ချွန်ဇာတ်ကား ရှုတင်မှာ အမှတ်တရရိုက်ကူးခဲ့တာဖြစ်ပါတယ်။ သုံးက်ချွန် ဇာတ်လမ်းမှာ ပြေတီဦး ၊ ရန်အောင်၊ ရဲအောင် ၊ စိုးမြတ်သူဇာ ၊ အိချောပိုတို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာဘဲဖြစ်ပါတယ်။
ရန်အောင် နဲ့ စိုးမြတ်သူဇာတို့ ငယ်မူငယ်သွေးအပြည့်နဲ့ အုန်းရည်သောက်ရင်း ရိုမက်တစ်ဆန်နေကြပုံက ယခင် ၁၉၉၀ ပြည့်နှစ်များဆီက အတွဲညီခဲ့ကြတဲ့ သူတို့ကိုပြန်လည်မြင်ယောင်စေပါတယ်။ကဲပရိသတ်ကြီးရေ ၊ ကြည်နူးစရာ ဒီပုံလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးပါဦးနော်။
Source - Yan Lay
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။