အနုပညာလောကရဲ့ နာမည်ကြီးမင်းသား လွင်မိုးနဲ့ မမေသူတို့ရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးကတော့ ခင်ပွန်းဖြစ်သူနဲ့အတူ သြစတြေးလျမှာ ပညာသင်ယူလို့နေပါတယ်။ ပြီးခဲ့တဲ့သင်္ကြန်တုန်းက လွင်မိုးတို့ မိသားစုဟာ သမီးကြီးဆီအလည်အပတ်သွားခဲ့ကြပါသေးတယ်။ သားမက်ဖြစ်သူ ထက်ဦးလှိုင်နဲ့လည်း သားသမက်အဖြစ် ရင်းနှီးတဲ့ဆက်ဆံရေးရှိနေကြောင်းကိုလည်း နွေးထွေးတဲ့ သူတို့မိသားစုဓာတ်ပုံလေးတွေက ပြောပြလို့နေပါတယ်။

မမေသူကတော့ သူမရဲ့ instagram မှာ သားမက်ဖြစ်သူနဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံလေး တင်ထားပါတယ်။ ဒီဓာတ်ပုံလေးအောက်မှာတော့ သားမက်ဖြစ်တဲ့ ထက်ဦးလှိုင်က "Miss you aunty" "သတိရတယ် အန်တီရေ" လို့ ရေးထားပြီး မမေသူကတော့ "we miss you too Thar" "အန်တီတို့လည်း သတိရပါတယ် သားရေ" ဆိုပြီး reply ပြန်ထားတာ တွေ့ရပါတယ်။ 

ပရိသတ်တွေကတော့ တကယ့်သားမိတွေနဲ့ တူတယ်ဆိုပြီး ဝင်ရောက်ပြောဆိုထားကြပါသေးတယ်။ လျပ်တပြတ်ရိုက်ထားတဲ့ ဒီဓာတ်ပုံလေးကလည်း တကယ်ကို အသက်ဝင်ပြီး နွေးထွေးတဲ့ မိသားစုရဲ့ ပျော်ရွှင်မှုလေးတွေကို တွေ့မြင်နေရပါတယ်။ ကဲ ပရိသတ်ကြီးအတွက် ချစ်စရာကောင်းတဲ့ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံနဲ့အတူ မိသားစုလိုက်ဓာတ်ပုံလေးတွေကိုပါ ကူးယူဖော်ပြပေးလိုက်ပါတယ်နော်......

Photo Source : May Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။