ပရိသတ်အချစ်တော်ဟာသမင်းသားချောကြီး ဖြိုးငွေစိုးကို အားလုံးမေ့နေပြီလား။ လက်တလောအနုပညာလောကနဲ့ ဝေးကွာနေပေမယ့် ပရိသတ်တွေနဲ့ လူမှုကွန်ယက်မှာ အမြဲအဆက်သွယ်ရှိနေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီကနေ့ ဖြိုးငွေစိုးရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ငယ်စဉ်ကတည်းက အနိုင်ကျင့် ဗိုလ်ကျခဲ့တဲ့ သူတစ်ယောက်ကို ဖော်ပြခဲ့တာတွေ့ရပါတယ်။
ဖြိုးငွေစိုးရဲ့ အနိုင်ကျင့်မှုတွေကို သီးခံခွင့်လွတ်ခဲ့တဲ့ သူကတော့ ပရိသတ်အချစ်တော်တွေရဲ့ ဆရာကိုမျိုးဆွေသန်းပဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အနိုင်ယူဗိုလ်ကျမှုတွေနဲ့ပတ်သက်ပြီး ဖြိုးငွေစိုးရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင်လည်း
"ကျောင်းဆရာ
တချို့ကတော့ဆရာကျောင်းပေါ့
တချို့ကလဲကိုမျိုးဆွေသန်း
တချို့ကလဲ ကြာဆရောင်း ပေါ့
ကျွန်တော်ကတော့ လိုချင်ရှိရင်အဖေကျောင်းခေါ်တယ်ပြီးတော့သူကြည့်နေတယ်တဲ့tvကအစ ကြိုက်တာယူပြီး လိုတာတောင်းပါတယ်
vcd ဆိုတဲ့ခေတ်ကာလကနေဒီနေ့အထိ ကျွန်တော့်အတွက်ကိစ္စ
အတော်များများကိုသူ့ကိုတိုင်ပင်ပြီးလုပ်ခဲ့တယ် မိန်းမယူတော့မယ်
ဆိုတော့အိမ်ကလူတွေကိုဘယ်လိုပြောရမလဲကစပြီးဖိတ်စာဒီဇိုင်းအလယ် သက်သေလုပ်ပေးတာအပြင်ကလေးခုရွယ်အထိသူကူညီပေးပါတယ် တခြားပြောပြလို့မရတဲ့ ပြောမကောင်းတဲ့ ကျွန်တော် အစဉ်တစိုက်ရှာပြောပြသာနာများစွာကိုလဲကျွန်တော့်အဖေနဲ့အတူ ရွပ်ရွပ်ချွန်ချိန်
တိုက်ပွဲဝင်ပေးခဲ့တာပါ ကျွန်တော့်အတွက်အဖိုးတန်မိတ်ဆွေပါ
ဒီတော့ကာအခုကျွန်တော့်အိမ်လေးပြင်ပြီးပါပြီ
ဆရာကျောင်းအနေနဲ့ပန်းချီကားကြီးကြီး တချပ်နှင့်အခြားပေးချင်သောအနုပညာပါသောအရာများကိုပေးပါတော့လို့ ပြောချင်ပါတယ်ဘာလို့လဲဆိုတော့သားလေးလိုချင်လို့ပါဖီဖီကျောင်း ဟဲဟဲ" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။
စိတ်သဘောထားဖြူစင်ပြီး မြန်မာ့နာမည်ကြီးအနုပညာရှင်၊ ဂိတပညာရှင်တွေရဲ့ လေးစားအားကျရသူတစ်ဦးဖြစ်တဲ့ ဆရာကိုမျိုးဆွေသန်းကိုတော့ ပရိသတ်အတော်များများသိမယ်ထင်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် သရုပ်ဆောင်ဖြိုးငွေစိုးရဲ့ အနိုင်ကျင့်ဖော်အချစ်တော်ဆရာမျိုးဆွေသန်းရဲ့ အမှတ်တရဓာတ်ပုံလေးတွေနဲ့အတူ မျှဝေပေးလိုက်ပါတယ်။
Photos - Phyo Ngwesoe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။