သရုပ်ဆောင် မင်းသမီးချော စမိုင်းလ်ကတော့ သမီးလေးနှစ်ယောက်ပိုင်ဆိုင်ထားပြီး စိတ်ချမ်းသာဖွယ်ရာမိသားစုဘဝလေးးဖြတ်သန်းနေတာပါ။
တစ်ချိန်က လူကြိုက်များခဲ့တဲ့ မော်ဒယ်သရုပ်ဆောင်စမိုင်းလ်ဟာ အိမ်ထောင်ကျပြီးနောက် မိသားစုနဲ့ ပြည်ပမှာ နေထိုင်ခဲ့ဖူးပြီး လက်ရှိမှာတော့ မြန်မာပြည်မှာပဲ အနုပညာအလုပ်တွေပြန်လုပ်နေပြီဖြစ်ပါတယ်။

လက်တလော လူမှုကွန်ရက်စာမျက်နှာမှာတော့ သူမရဲ့ သမီးကြီးလေးရဲ့ ပုံရိပ်တွေက ပရိသတ်တွေကို ဟာခနဲဟင်ခနဲဖြစ်သွားစေတဲ့အထိ လူပြောများလျက်ရှိပါတယ်။
အမေတူသမီးချောလေးဖြစ်ပြီး ညိုချောလေးဖြစ်တဲ့ သမီးကြီးလေးက အမိုက်စားဖက်ရှင်အလန်းနဲ့ ခေတ်လူငယ်ဆယ်ကျော်သက်ဖက်ရှင်လေးဝတ်ကာ ချစ်စရာကောင်းလို့နေပါတယ်။ ဒါ့ကြောင့်လည်း မြင်သူတကာ ပရိသတ်တွေအချစ်ပိုသွားရပြီး စမိုင်းလ်ရဲ့ အချောအလှတွေပါဝင်နေတဲ့ သမီးကြီးလေးကို ချီးကျုးစကားဆိုကြပါတယ်။
အနုပညာအလုပ်တွေကို မိခင်လိုပဲ လုပ်ဖြစ်မယ့် ဗီဇဝါသနာပါလားမလားဆိုတာကတော့ ပရိသတ်တွေလည်း သိချင်နေကြတာဖြစ်ပါတယ်။

စမိုင်းလ်ဟာ သမီးလေးနှစ်ယောက်နဲ့အပြိုင် အရွယ်တင်နုပျိုလှပနေသေးတာမို့ သူမကိုတော့ မိန်းကလေးချင်းတောင် ငေးမောရတဲ့အထိပါပဲ။
အိမ်ထောင်ရေးကံကောင်းသူထဲကတစ်ယောက်ဖြစ်တဲ့ စမိုင်းလ်ကတော့ သမီးလေးနှစ်ယောက်မွေးဖွားထားပြီး သာယာပျော်ရွှင်ဖွယ် မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပါတယ်။ခင်ပွန်းဖြစ်သူနဲ့အတူ စီးပွားရေးကိုဦးစီးလုပ်ကိုင်နေသလို တစ်ဖက်မှာလည်း မိခင်တစ်ယောက်အဖြစ် မိသားစုအတွက် တာဝန်ကျေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်အဖြစ် မြင်တွေ့ရပါတယ်။

အလှုအတန်းတွေမကြာခဏဆိုသလို လုပ်လေ့ရှိတဲ့ သူတို့မိသားစုရဲ့ ဂုဏ်သတင်းကတော့ စီးပွားရေးတောင့်တင်းခိုင်မာအဆင်ပြေသလို စိတ်သဘောထားပြည့်တဲ့မိသားစုအဖြစ် နာမည်ကြီးနေပါတယ်။
စမိုင်းလ်ရဲ့ သမီးလေးကို ချစ်ရဲ့လား
Source : Smile fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။