လက်တလောပရိသတ်တွေစိတ်ဝင်စားမှုအပြည့်ရရှိနေတဲ့ ဆယ်လီစုံတွဲတွေထဲမှာ သရုပ်ဆောင် အဆိုတော် နန်းစုရတီစိုး နဲ့ အဆိုတော် Gfatt တို့နှစ်ဦးကတော့ တွဲနေကြောင်းတရားဝင်အသိပေးထုတ်ပြောထားခြင်းမရှိပေမယ့် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။

အသက်ရွယ်ကွာပေမယ့် အနုပညာလမ်းကြောင်းမှာ စိတ်တူကိုယ်တူ ဝါသနာတူ လျှောက်လှမ်းနေတဲ့ သူတွေဖြစ်ပြီး အောင်မြင်မှုရရှိထားတဲ့ အနုပညာရှင်တွေဆိုလည်းမမှားပါဘူး။

ဂျီဖတ်ကတော့ ဒီနေ့ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ “မကြီးနဲ့အတူမနက်စာစား” ဆိုတဲ့ စာလေးရေးကာ နန်းစုနဲ့အတူဆိုင်တစ်ဆိုင်မှာ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ပုံလေးကို တင်ထားတာတွေ့ရပါတယ်။

နယ်ရှိုးတွေနဲ့ ကျောင်းသင်္ကြန်ပွဲတွေမှာသာမက ပြီးခဲ့တဲ့ သင်္ကြန်ရက်က ရှိုးပွဲတွေမှာပါ အတူတူ သီဆိုဖျော်ဖြေခဲ့ကြတဲ့ သူတို့စုံတွဲဟာ ရှေ့သွားနောက်လိုက်ညီပြီး ပျော်ပျော်နေတတ်သူတွေမို့ ပရိသတ်တိုင်း သဘောကျနေရပါတယ်။

မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ 120B သီချင်းခွေမှာ ဂျီဖတ်တစ်ယောက် မမနန်းစုကိုရည်ရွယ်တင်စားထားတဲ့ သီချင်းတွေအများကြီးထည့်ဆိုထားတာ ပရိသတ်တွေလည်း နားထောင်ပြီးလောက်ပြီထင်ပါတယ်။

မမနဲ့ မောင်လေး ဆိုပေမယ့် ချစ်စရာကောင်းပြီးလိုက်ဖက်ကြသူတွေမို့ လူတိုင်းကတော့ သူတို့နှစ်ဦးကို သဘောတူနေကြပါတယ်။

ပရိသတ်ကြီးလည်း ဂျီဖတ် တို့စုံတွဲလေးကို သဘောကျရဲ့လား  

Source : Gfattfamily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။