နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းဆုရတီစိုုးတစ်ယောက် ဇလွန်မြို့မှာ တည်ထား ကိုးကွယ်ေ်နတဲ့ ဧမြဒီပါရွှေစေတီဘုရားမှာ တံခွန်တိုင်စိုက်ထူးလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်ကို မွန်မြတ်တဲ့ အလှူလေးမို့ သာဓုခေါ်ပါတယ် နန်းဆုရေ။ မြန်မာလူမျိုး တို့ရဲ့ နှစ်သစ်အခါသမယဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ သူမက မွန်မြတ်တဲ့အလှူလေး ကို ပြုလိုက်တာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေ ချစ်တဲ့ သူမရဲ့အပြုံးချိုချိုလေးတွေကတော့ ပုံရိပ် တိုင်းမှာ အမြဲတမ်းပါနေကျပဲဖြစ်ပါတယ်။

အောင်မြင်တဲ့အဆိုတော်သရုပ်ဆောင်တစ်ဦးအဖြစ်နဲ့ အနုပညာနဲ့ ဂီတလမ်းကြောင်း နှစ်ခု လုံးပေါ်မှာ ရပ်တည်လာခဲ့တာ အခုဆိုရင်အချိန်အတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ ပရိတ်သတ် တွေရဲ့အချစ်တွေကို ယနေ့ထက်တိုင် လျော့ပါးမသွားပဲ ပိုပိုတိုးလို့ရရှိလာတာပဲဖြစ်ပါတယ်။ သူမရဲ့ချစ်သူ အဆိုတော် G-Fatt ဟာလည်း သူမကိုသိပ်ချစ်ပြီး ဂရုစိုက်တာမို့ ပရိတ်သတ် တွေအားကျရတဲ့ ဆယ်လီစုံတွဲ တစ်တွဲဖြစ်လို့နေပါတယ်။

သူမရဲ့ကြည်နူးဖွယ် မွန်မြတ်တဲ့အလှူလေးအကြောင်းကို " ဇလွန်မြို့မှာ တည်ထားကိုးကွယ် နေတဲ့ ဧမြဒီပါရွှေစေတီဘုရားမှာ တံခွန်တိုင်စိုက်ထူလှူဒါန်းခဲ့ပါတယ်ရှင့်!! ၂၉ ရက်နေ့ မှာ ရေစက်ချလှူဒါန်း မှာပါ.. ပြုပြုသမျှ ကုသိုလ်အဝဝတို့ကို ချစ်ပရိတ်ကြီးအားလုံးကို ပေးဝေမျှပါတယ် .. အားလုံးသာဓုခေါ် ကုသိုလ်ယူကြပါနော်!! ချစ်ပရိတ်သတ်ကြီးအားလုံး နှစ်သစ်မှာ စိတ်၏ချမ်းသားခြင်း ကိုယ်၏ကျန်းမာ ုခြင်းတို့နဲ့ ပြည့်စုံကြပါစေလိုအင်ဆန္ဒ တွေပြည့်ဝပြီး ပူပင်သောကတွေကင်းဝေးပါစေလို့ တောင်းဆု မေတ္တာပို့သအပ်ပါတယ်ရှင့် " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ နန်းဆုရဲ့ မွန်မြတ်တဲ့ နှစ်ဦးကုသိုလ် အလှူလေးကို ပရိတ် သတ်ကြီးလည်း မုဒိတာပွားနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Nansu Yati Soe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။