နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပက်ထရစ်ရှာတစ်ယောက် မနေ့က နှစ်ဆန်းတစ် ရက်နေ့မှာ သတ္တဝါလေးတွေကို လှောင်အိမ်ထဲက လွှတ်ပေးပြီး ကုသိုလ်ယူနေတာပဲ ဖြစ်ပါတယ်။ မြန်မာဆန်ဆန်လေးနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ သူမရဲ့ပုံရိပ်လေးတွေက တကယ်ကို ရင်ခုန်ချင်စရာ ကောင်းလွန်းပါတယ် ပရိတ်သတ်ကြီးရေ။ အသက် ငယ်ငယ် ရွယ်ရွယ်လေးနဲ့ အနုပညာလောကထဲကို မော်ဒယ်အဖြစ်နဲ့ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန် မှာတော့ အောင်မြင်တဲ့မင်းသမီးတစ်လက်အဖြစ် နဲ့ ရပ်တည်နေနိုင်ပြီပဲဖြစ်ပါတယ်။ သူမကို ချစ်ခင်အား ပေးတဲ့ ပရိတ်သတ်တွေကလည်း အများအပြားပါပဲ။ အချိန်တွေဘယ်လောက်ပဲကြာကြာ သူမ ကို ချစ်ခင်အားပေးသူတွေက လျော့ပါးမသွားပဲ ပို၍သာ တိုးလာပါတယ်။


သူမပါဝင်သရုပ်ဆောင်ထားတဲ့ " Reflcetion (ရောင်ပြန် ) " ဇာတ်ကားဟာ မနေ့က စတင် ရုံတင်ပြသတာဖြစ်ပြီး စတင်ပြသတဲ့ရက်မှာပဲ ရုံပြည့် ရုံလျှံအားပေးကြမ်းခံခဲ့ရတာဖြစ်ပါတယ်။ ရုံထဲမှာ ခုံမလောက်လို့ ခုံတွေထပ်တိုးရတဲ့အထိကို အားပေးကြမ်းခဲ့ကြတဲ့ ပရိတ်သတ်တွေ ပါပဲ။ ဒီဇာတ်ကားဟာ ဖိုက်တင်အကြမ်းဇာတ်ကားဖြစ်ပြီး အမိုက်စားမင်းသမီးလေးယောက် ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်၊ ဝတ်မှုန်ရွှေရည်နဲ့ ပက်ထရစ်ရှာတို့က ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်က ဇာတ်ဆောင်မင်းသား မပါ ဝင်တာပါပဲ။


ငှက်လွှတ်ရတာနဲ့ပက်သက်ပြီး ရှာရှာက သူမရဲ့ Facebook မှာ " ရှာရှာငယ်ငယ် ကလေ...ငှက်ကလေးတွေလွှတ်တုန်းငှက်ကလေး တစ်ကောင် ကရှာရှာ့လက်ကို ဆိတ်ဆွဲပလိုက်တာ အမလေး! အီစိမ့်သွားတာပဲ! ကြောက်ပါကြောက်သွားတာ အခုအချိန် အထိငှက်ကလေးတွေလွှတ်တဲ့ အခါတိုင်းကြောက်စိတ်ကနည်းနည်းဝင်နေတုန်းပဲ " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ မြန်မာတို့ရဲ့နှစ်သစ်ဖြစ်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာ ဝတ်စုံလေးဝတ်ပြီး ကောင်းမှုကုသိုလ်ပြုနေတဲ့ ရှာရှာရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်။


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။