မကြာခင်မှာ အသက်(၂၀)အဖြစ် ထိပ်စီးပြောင်းတော့မယ့် ရခိုင်တိုင်းရင်းသူလေး ယမင်းမေဦးကတော့ တက် သစ်စ အနုပညာရှင်လေးတစ်ယောက်ဖြစ် ပေမယ့်လည်း ပရိသတ် ချစ်ခင်အားပေးမှုတွေကို အတိုင်းအတာ တစ်ခု အထိရရှိနေပြီပဲဖြစ်ပါတယ်။ကမ္ဘာကြီးကိုတောင်ငြိမ်း ချမ်းသွားစေမယ့် သူမရဲ့စွဲမက်လောက်စရာအပြုံး လေးတွေ ကလည်းပရိသတ်တွေ ကြွေနေရတဲ့ အဓိကအချက်တစ်ချက်ပဲ ဖြစ်ပါတယ်။



ဒီလိုပြောစရာစကားလုံးမရှိလောက်အောင် လှပတဲ့မင်းသမီးလေးရဲ့ နှလုံးသားရေးရာအချစ်ရေးအခြေအနေ လေးကလည်းပရိသတ်တွေ စိတ်ဝင်စားနေတဲ့ အချက်လေးတစ်ချက်လို့ဆိုရပါမယ်။ ဒီနေ့မှာတော့ သူမရဲ့ အ ချစ်ရေးနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းဖွင့်ဟ ပြောပြလိုက်ပြီပဲ ဖြစ်ပါတယ်။ဆယ်ကျော်သက် အနုပညာရှင်လေးဖြစ်တဲ့သူမကတော့ ငယ်ငယ်ထဲကနေ ယနေ့အချိန်အထိရည်စားမထားခဲ့ဖူးဘူးလို့ဆိုပါတယ်။



လက်ရှိမှာ အချစ်ရေးနဲ့ပတ်သတ်ပြီးလည်း လုံးဝကိုစဉ်စားမှာမဟုတ်ကြောင်း အင်တာဗျူးတစ်ခုမှာဖြေကြားလာ ခဲ့ပါတယ်။သူမရဲ့ အိမ်ကလည်း သူမရည်စားထားတာကို ခွင့်ပြုမှာမဟုတ်ပဲ သူမကိုယ်တိုင်ကလည်း အနုပညာ လုပ်ငန်းတွေကိုပဲ စိတ်နစ်ပြီး အင်တိုက်အားတိုက် နေရာတစ်နေရာရောက်အောင် လုပ်ဆောင်ချင်နေတာပါ။ အနုပညာလုပ်ငန်းတွေ လုပ်နေရရင်ကိုပျော်နေတာပါလို့ ပြောပါတယ်။ သူမကြိုက်တဲ့ လက်တွဲဖော်မျိုးလည်း မတွေ့သေးလို့ပါ အင်တာဗျူးမှာ ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ သိချင်နေတဲ့ သူမရဲ့ အချစ် ရေးကိုသိခွင့်လိုက်ရတဲ့ အတွက်လည်း ကျေနပ်ကြမယ်လို့ ယုံကြည်ပါတယ်။



သတင်းအရင်းအမြစ် - ယမင်းမေဦး
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။