သားစားအပင်က အမေရိကန်နိုင်ငံရဲ့ အရှေ့ဘက် ပင်လမ်းကမ်းခြေရဲ့ စိုစွတ်သော မြေမှာ သဘာဝအတိုင်း ပေါက်ေလေ့ ရှိတဲ့ အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီအပင်ကတော့ ပုံမှာ ပြထားတဲ့အတိုင်း တံခါး ပုံစံ၊ ထောင်ချောက်ပုံစံမျိုး ဖြစ်နေပါတယ်။ တစ်ချို့တွေကတော့ နတ်သမီးထောင်ချောက်လို့ တင်စားခေါ်ဝေါ်လေ့ ရှိကြပါတယ်။ ဒီအပင်က အရောင်အမျိုးမျိုး ရှိပြီး အသားစားတယ်လို့ ယူဆကြပါတယ်။
![](https://s4.kh1.co/66/663efefd511c69dbb563f0ee7a6e833cf9aaf4fa.jpg)
အပင်က ပါးစပ်လိုမျိုး ဟ ထားတယ် ဆိုရင် သူရဲ့ အပြင်သား အမွှေးလေးကတော့ စူးရှပြီး အသားနဲ့ ထိတဲ့အခါ သွေးထွက်စေပါတယ်။ ဟ ထားတဲ့ ထောင်ချောက်ထဲကိုလည်း ပိုးမွှားများ မတော်တဆ ရောက်ရှိလာတဲ့အခါ ဒီ တံခါးက အလိုအလျောက် ပိတ်သွားပါတယ်။ ဘယ်လောက်ကြာမှ ပြန်ပွင့်လဲ ဆိုတာကတော့ သားစားအပင်ရဲ့ အရွယ်အစား၊ စားမိတဲ့ ပိုးမွှား အကြီးအသေး ပေါ် မူတည်ပါတယ်။
![](https://s5.kh1.co/40/4091b8a8363232b74196b2f37fefaac66489daa5.jpg)
နတ်သမီးထောင်ချောက်လို့ ဆိုတဲ့ အတိုင်း အပင်က ထောင်ချောက်ကဲ့သို့ ဖြစ်နေပေမယ့်လည်း ဆွဲဆောင်မှုရှိပြီး လှပတာကြောင့် အချို့ကတော့ စိုက်ပျိုးလေ့ ရှိကြပါတယ်။ ဒီလို စိုက်ပျိုးတဲ့အခါ အရောင်အသွေး စုံချင်တယ် ဆိုရင်တော့ ဒီအပင်ကို အစာ သီးသန့်ကျွေးရပါတယ်။ သာမန် အပင်တွေလိုမျိုး အာဟာရဓာတ်ကို ရေ၊ မြေ နဲ့ နေမှ ရရှိပေမယ့်လည်း ပိုးမွှားများမှ ရရှိတဲ့ အာဟာရဓါတ်က ဒီအပင်များအတွက် ပိုပြီး အကျိုးသက်ရောက်မှု ရှိပါတယ်။
![](https://s4.kh1.co/c9/c96e623068ded5075a23d01fa2c133e49fcdfdfe.jpg)
ထူးဆန်းစရာ ကောင်းတာ တစ်ခုက ဒီလိုဟနေတဲ့ ပွင့်ဖတ်ထဲကို သေနေတဲ့ ပိုးမွှား၊ အကောင် တစ်ခုခုကို ထည့်ထားမယ် ဆိုရင်တော့ ဒီပွင့်ဖတ်က အလိုအလျောက် ပိတ်မှာ မဟုတ်ပါဘူး။
တကယ့်ကို ထူးဆန်းတဲ့ သစ်ပင်ဖြစ်တာမို့ ဒီလို အပင်မျိုးကို တွေ့ရှိခဲ့မယ် ဆိုရင် ကလေးတွေကို မကိုင်မိကြဖို့နဲ့ ဆင်ခြင်နိုင်ကြဖို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။
အားလုံးပဲ သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
![](https://s4.kh1.co/cc/cced789b69e23b846c066185ef2ec58bca66a69c.jpg)
သတင်းအရင်းအမြစ် - Google
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။