အနုပညာလောကရဲ့ လူကြိုက်အများဆုံးထိပ်တန်းမင်းသမီးစရင်းမှာ တစ်ယောက်အပါဝင်ဖြစ်တဲ့ မင်းသမီးချော နန်းစုဦးကတော့ ပရိသတ်ချစ်ခင်အားပေးမှုတွေနဲ့ အောင်မြင်မှုတွေရရှိပိုင်ဆိုင်နေတဲ့ အနုပညာရှင်တစ်ယောက် ပဲဖြစ်ပါတယ်။ စူးရှတောက်ပတဲ့ အကြည့်တွေနဲ့ အသံရှရှလေးနဲ့ စကားပြောတာလေးကလည်း သူမရဲ့ ဆွဲဆောင်မှုတစ်ခုလို့ဆိုရပါမယ်။ ချစ်စရာ ကောင်းပြီး သူမရဲ့ အပြုံးလေးတွေကလည်း ပရိသတ်တွေဟတ်ထိနေရတဲ့ အရာလေးတစ်ခုပဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ချစ်စရာကောင်းတဲ့ တရုတ်မလေး တစ်ယောက်အဖြစ်မြင်တွေ့ရပါတယ်။ တရုတ်မဝတ်စုံလေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း သူမရဲ့လူမှုကွန်ယက်မှာ မျှဝေထားတာပဲ ဖြစ်ပါတယ်။ ချစ်စ ရာကောင်းတဲ့ တရုတ်မလေးအဖြစ်မြင်တွေ့ရတဲ့ နန်းစုဦးရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေရဲ့ အသဲကို ထပ်မံလှုပ်ခတ်လိုက်ပြီး အချစ်ပိုစေခဲ့တာပဲ ဖြစ်ပါတယ်။

လက်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ကတော့ ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကား ကြီးတွေလည်း ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။ ပရိသတ်တွေအတွက် အသစ်သစ်သော အနုပညာတွေနဲ့ ကြိုးစားတင်ဆက်နေတဲ့ သူမကို ပရိသတ်တွေ ချစ်ရဲ့လား။ ချစ်စရာကောင်းတဲ့ တရုတ်မလေး နန်းစုဦးရဲ့ ပုံရိပ်လေးတွေကို လည်းပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။
သတင်းအရင်းအမြစ် - နန်းစုဦး
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။