ဟိုးအရင်ကတည်းက လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ကောလဟာလအနေနဲ့ ရော မျက်မြင်ကိုယ်တွေ့အနေနဲ့ရော ပြောနေကြတာကတော့ ပန်းကန်ပြားပျံ အကြောင်းပဲ ဖြစ်ပါတယ်။ ပန်းကန်ပြားပျံ ဆိုတာ ကမ္ဘာမြေပြင်ပေါ်က လူသားတွေ ပြုလုပ်ထားတဲ့ ယာဉ်ပျံ မဟုတ်ပဲ တခြား ဂြိုလ်က ယာဉ်ပျံများကို ခေါ်ကြတာပဲ ဖြစ်ပါတယ်။  

ထိုပန်းကန်ပြားပျံ ယာဉ်များနှင့် ပက်သက်ပြီးအများစုမှာ လုပ်ကြံ ပြောထားတာတွေသာ ဖြစ်ပြီး တစ်ကယ့်အစစ်အမှန် ကို မြင်တွေ့ခဲ့ရတာတွေကတော့ အနည်းငယ်ပဲရှိပါတယ်။ ဂြိုလ်သား ယာဉ်ပျံနှင့်ပတ်သက်ပြီး သမိုင်းအစဉ်အဆက်ကတည်းက အထောက်အထားတွေရှိခဲ့တာကိုတွေ့၇ပါတယ်။ သို့သော် ပန်းကန်ပြားလို့ပြောတဲ့တချို့ ဓာတ်ပုံတွေဟာ ဒုတိယ ကမ္ဘာစစ်ကာလက ဂျာမန်တို့ ရဲ့လေယာဉ်အသစ်အဆန်းများ တီထွင်ရာတွင် အဝိုင်းပြားပုံ လေယာဉ်တွေ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

ဂြိုလ်သားများသည် ကမ္ဘာပေါ်တွင် အခြေစိုက်စခန်းများထားရှိကြပြီး ယင်းအနီးတစ်ဝိုက်တွင် ပန်းကန်ပြားပံျများကို မကြာခဏ တွေ့ရှိရလေ့ရှိသည်ဟုလည်း ဆိုကြပါတယ်။

ပန်းကန်ပြားပံျများ၏ထူးခြားချက်မှာ လေကြောင်းပံျသန်းမှု နိယာမများကို ချိုးဖောက်ခြင်းဖြစ်ပြီး တည့်တည့်ပံျသန်းလာရာမှ ရုတ်ခြည်း ဘေးတိုက်ပံျသန်းသွားခြင်း၊ လူသားတို့ တီထွင်သော လေယာဉ်များ မလုပ်နိုင်သော တွန့်ခေါက်ပုံ (Zig-Zag) ပံျသန်းခြင်းများရှိကာ ပံျသန်းနှုန်းမှာလည်း လေယာဉ်များထက် ပိုမြန်သည်။ 

Source : Naykhayan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။