ဟောလိဝုဒ်ရဲ့ ထိပ်တန်းအဆိုတော်စာရင်းဝင်တဲ့ ဆလီနာဂိုးမက်ဇ်ကတော့ အားလပ်ရက်ကို သူငယ်ချင်းတွေနဲ့ စိတ်လက်ပေါ့ပါးစွာ ဖြတ်သန်းခဲ့ပုံရပါတယ်။
ချစ်စရာကောင်းပြီး ဖက်ရှင်ကျကျနေတတ်တဲ့ ဆလီနာ တစ်ယောက် ပရိသတ်တွေကို သူမဝတ်ထားတဲ့ အင်္ကျ ီလေးကနေ တစ်ဆင့် အသိတရားတစ်ခုကို မျှဝေခဲ့တယ်လို့ ဆိုပါတယ်။
အသက်(၂၅)နှစ်အရွယ် ဆလီနာဟာ Choose Empathy ဆိုတဲ့ စာတန်းပါတဲ့ အနက်ရောင် အင်္ကျ ီအပွကြီးကို ဝတ်ဆင်ထားခဲ့ပြီး မတ်လ(၂၅)ရက်နေ့က သူငယ်ချင်းတွေနဲ့အတူ Studio City နားမှာ တွေ့ဆုံခဲ့ပါတယ်။
ဆံပင်တိုလေးနဲ့ချစ်စရာကောင်းနေတဲ့ ဆလီနာတစ်ယောက် လူတိုင်းကို ကိုယ်ချင်းစာတတ်တဲ့အကျင့်လေး ရှိစေချင်တဲ့ပုံပါပဲ
Lupus ရောဂါဝေဒနာခံစားနေရပြီး သူငယ်ချင်းဖြစ်သူရဲ့ ကျောက်ကပ်တစ်ခြမ်းနဲ့ အသက်ဆက်နေရတဲ့ ဆလီနာ ဟာ သူမရဲ့ မကျန်းမာတဲ့အချိန်တွေကို ပူဆွေးနေမယ့်အစား သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ဖြုန်းခြင်းအားဖြင့် ဘဝကို စိတ်ချမ်းသာစွာဖြတ်သန်းနေပုံရပါတယ်။
ချစ်သူ ဘီဘာနဲ့ လမ်းခွဲပြတ်စဲထားနှစ်ပတ်ကျော်ရှိပြီဖြစ်ပြီး သူတို့နှစ်ယောက်ကိုအရင်လိုအတူတူမတွေ့ဖြစ်တာတော့ကြာပြီလို့ သတင်းမီဒီယာအချို့က ရေးသားဖော်ပြထားပါတယ်။
ဆလီနာ ရဲ့ဖက်ရှင်လေးကိုသဘောကျရဲ့လား
Source : Justjared
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။