ပရိတ်သတ်အချစ်တော်မင်းသမီးလေးဆိုတဲ့ ဂုဏ်ပုဒ်လေးတစ်ခုကိုရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးဝတ်မှုန်ရွှေရည်ကတော့ ဒီကနေ့မှာတော့ Hearty Heart ရဲ့ bazzar လေးကိုသွားရောက်ခဲ့ပါတယ်။ထို bazzar လေးကိုသွားရောက်ခဲ့တဲ့ ဝတ်မှုန်ရွှေရည်ရဲ့ ပုံရိပ်လေးတွေဟာဆိုရင်လည်း လူမှုကွန်ယက်ပေါ်မှာတော့ ပရိတ်သတ်တွေများစွာရဲ့ အသည်းနှလုံးတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။


Hearty Heart ကထွက်ရှိတဲ့ အလှအပဆိုင်ရာပစ္စည်းလေးတွေနဲ့ ပြင်ဆင်ချယ်မှုန်းထားတဲ့ ဝတ်မှုန်ရွှေရည်လေးကတော့ ဘာဘီအရုပ်လေးတစ်ရုပ်လိုပါပဲ။ အနုပညာလောကထဲစတင်ဝင်ရောက်လာထဲက ဘာဘီရုပ်လေးနဲ့တူလှတဲ့ အနုပညာရှင်မလေးလိုပြီး နာမည်လေးတစ်ခုပိုင်ဆိုင်ထားတဲ့ သူမရဲ့ဒီကနေ့ ပုံရိပ်လေးတွေဟာဆိုရင်လည်း ချစ်စရာကောင်းလွန်းလှပါတယ်။


ဆံပင်ပုံစံလေးကအစ ကလေးလေးတစ်ယောက်လို ပြင်ဆင်ထားတဲ့ ရွှေကစ်လေးရဲ့အပြုံးလေးတွေက အပြစ်ကင်းစင်တဲ့ကလေးလေးတစ်ယောက်လိုပါပဲ။သူမရဲ့ ဟန်အမူအရာ နေပုံနိုင်ပုံလေးတွေကလဲ ပရိတ်သတ်တွေရဲ့အသည်းနှလုံးလေးတွေကို ကြွေကျစေလောက်ပါတယ်။ ရွှေကစ်လေးရဲ့ သဘာဝဆန်တဲ့ပုံရိပ်လေးတွေကိုရော ပရိတ်သတ်တွေသဘောကျကြရဲ့လား။






source -Wutt Hmone Shwe Yi
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။