လူမှုကွန်ရက်မှာ ဂယက်ထနေတဲ့ အနုပညာရှင်အချို့ရဲ့ ခီဇနီးမောင်နှံအပေါ် အုပ်စုဖွဲ့ပြောဆိုထားတဲ့ အတွင်းစကားတွေနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေအတော်လေးပြင်းထန်နေဆဲဖြစ်ပါတယ်။

အဆိုပါ Group Chat မှာ ပါဝင်ပြောဆိုထားတဲ့ သရုပ်ဆောင် သင်ဇာမြင့်မိုရ်အပေါ်မှာလည်း ဝေဖန်တိုက်ခိုက်ကြတဲ့ ပရိသတ်တွေရှိနေတာမို့ သင်ဇာမြင့်မိုရ်ကတော့ ပွင့်ပွင့်လင်းလင်းပဲ သူမရဲ့ဖေ့ဘုတ်ကနေတစ်ဆင့် အခုလို ဖြေရှင်းလိုက်တာဖြစ်ပါတယ်။

"FB က ကိစ္စအတွက် ပြောချင်ပါတယ်...

ပြဿနာတစ်ခုဖြစ်စေတဲ့အထိ ဖြစ်သွားလို့

သင်ခန်းစာတွေ ရလိုက်ပါတယ်..

Friend ဖြစ်ပြီးသားသူတွေ..မိတ်ဆွေ သူငယ်ချင်း

လုပ်ဖော်ကိုင်ဖက် လက်ဆယ်ချောင်းစာလောက် ကျွန်မပရိသတ်တွေ... အားလုံးလည်း သိပါလိမ့်မယ်

ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ ဘယ်နှစ်ကြိမ် ရေးတင်ဖူးပါသလဲ

Share ဖူးပါသလဲ... အလကားနေရင်း မနာလိုတတ်ကြကြေးဆို ကိုယ့်ထက်ဝါရင့် သဘာရင့် စူပါအကျော်အမော်တွေ မြန်မာပြည်မှာ အများကြီးပါ... အတူပါဝင် သရုပ်ဆောင်ခဲ့ရတာတွေလည်း ရှိပါတယ်.. အရင်ကတည်းက မနာလိုစိတ်မွေးခဲ့မပေါ့လေ...သူကသူ ကိုယ်ကကိုယ်ပါပဲ... သူ့ကို အားပေးတဲ့သူက ကိုယ့်ကိုအားပေးတဲ့သူ ဖြစ်ချင်မှ ဖြစ်မယ်.. ကိုယ့်ကိုအားပေးတဲ့သူက သူ့ကို အားပေးတဲ့သူ ဖြစ်ချင်မှလည်း ဖြစ်မယ်မလား.. 

ကိုယ်ကိုယ်တိုင်လည်း နာမည်ကြီးနေတဲ့ ရုပ်ရှင်မို့ သွားကြည့်ခဲ့ပါတယ်..ကြည့်တာမှ.. ငယ်ကျွန်ဇာတ်ကားအပါအဝင် ၂ ကားပွဲချိန်ဆက်တိုက် .. ကြည့်ခဲ့တာပါ.. ဝါသနာပါလွန်းလို့ တင်သမျှဇာတ်ကားတိုင်းလိုလို အတတ်နိုင်ဆုံး သွားကြည့်ခဲ့တယ်.. ဝေဖန်ဖို့မဟုတ်ခဲ့သလို ဒီကားဘာ့ကြောင့် နာမည်ကြီးသလဲ ... ဘယ်သူတွေ ဘယ်သူတော်လို့ဆိုတာ မသိလိုက်မှာ စိုးလို့ နောက်ကောက်မကျချင်လို့ ကြည့်ပါတယ်.. အဲဒီ့ဇာတ်ကားသွားကြည့်ပြီးသည့်တိုင် ဘာများရှုံ့ချခြင်းများ Public figure မှာတင်ခဲ့ပြခဲ့ပါသလဲ... ဒီကိစ္စမှမဟုတ်ပါဘူး ကိုယ်တိုင်လုပ်နေတဲ့အလုပ်အတွက်တောင် လုပ်ငန်းခွင်အဆင်မပြေမှုတွေ ဘယ်သောအခါမှမတင်ခဲ့ဖူးပါ... အနုပညာလောကထဲ ၂၀၀၇ ခုနှစ်ကတည်းက ခုထိ ကောင်းမွေ ဆိုးမွေ ကိုယ်ကိုယ်တိုင်ခံပါတယ်...ကိုယ်နဲ့လက်တွဲဖို့ အဆင်မပြေတဲ့ လုပ်ဖော်ကိုင်ဘက်ရှိလာရင် နောက်တစ်ကြိမ်အလုပ်လက်မခံမိဖို့ကိုပဲ ရှောင်ခဲ့ပါတယ်.. လက်ခံပြီးသားအလုပ်ဆိုလည်း တာဝန်ပြီးဆုံးသည်အထိ ကိုယ့်ဘက်က တာဝန်ကျေအောင်လုပ်ခဲ့ပါတယ်... ဒါဟာ မိမိခံယူချက်တစ်ခုပါ.. 

ကျွန်မပတ်ဝန်းကျင်ကလူတွေသိပြီးသားတစ်ခုကိုပဲ ထပ်ပြောပါ့မယ်... ဘဝကိုရိုးရိုးသားသားဖြတ်သန်းတယ်.. အမှန်တရားဘက်ကပဲ ရပ်တည်ပါတယ်... ဟုတ်ပါတယ် စွာတယ်... ဒါပေမယ့် ကိုယ့်ကိုထိခိုက်နာကျင်စေမယ်ဆိုရင် ငြိမ်လည်းမခံတတ်ဘူး... ခုကိစ္စမှာလည်း ဒီစကားတွေ ထွက်လာတယ်ဆိုတာဟာ.. အကြောင်းအရင်းရှိပြီးသားပါ... စာဖတ်ရှုနေသူများဟာ... ကျွန်မထက် အတန်းပညာ အတတ်ပညာ အသိပညာ သာလွန်တဲ့သူတွေ အများအပြားပါဝင်နေမှာဖြစ်တဲ့အတွက်.. ဆိုလိုရင်းတွေကို ခံစားနားလည်ကိုယ်ချင်းစာတတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်... screen shot တွေမှာ... ဘာ့ကြောင့် တစ်ခြားပြောထားတာတွေပါ ဖြတ်တင်တယ်သေချာမသိပါဘူး... သေချာတာကတော့ အကယ်ဒမီဆုချီးမြှင့်ပွဲအခမ်းအနားပြီးတဲ့အချိန် Media တစ်ခုက interview တစ်ခုကြောင့် ကျွန်မကတော့ အားလုံးမြင်တဲ့ စာကို ဝင်ရေးခဲ့တာပါ... interview ထဲမှာ ဒါရိုက်တာဖြစ်သူ အစ်မက ဒီနေ့ပွဲမှာ ရသင့်တဲ့သူတွေ ရခဲ့ကြသလို မရသင့်တဲ့သူတွေ ရခဲ့ကြတယ်ဆိုတဲ့စကားပါ... စင်ပေါ်မှာ ဆုလက်ခံရယူခဲ့သူတွေဟာ.. 

ကျွန်မတို့ အနုပညာလောကထဲက တစ်လှေတည်းစီး တစ်ခရီးထဲ သွားနေကြသူတွေပါ... ဒီစိတ်နဲ့ပဲ နှစ်စဉ် အကယ်ဒမီပွဲကို တက်တယ်.. ဘယ်သူရရ အားပေးလက်ခုပ်တီးဖို့ အားကျအတုယူဖွယ်အနေနဲ့ ဒီပွဲကို အမြဲတက်ပါတယ်... ဘယ်သူအထင်ကြီးကြီး မကြီးကြီး ကျွန်မအထင်ကြီးတယ်... ငယ်ငယ်ကတည်းက ဒီမြန်မာ့ရုပ်ရှင် ဗီဒီယိုတွေ ကြည့်ခဲ့တယ် မင်းသား မင်းသမီးတွေ အားကျခဲ့တယ်... လူဆိုတာတော့ လူမျိုးစုံရှိကြမှာပါပဲ ကျွန်မလေးစားအားကျတဲ့ အနုပညာရှင်ကို တစ်ခြားသူတွေ သဘောကျချင်မှလည်း ကျပါလိမ့်မယ်... မကျပိုင်ခွင့်လည်းရှိတယ်လေ... အရာရာ သူမှ ကိုယ်မဟုတ်ပဲ.. ကိုယ့်စိတ်နဲ့ အရာရာတိုင်း ဘယ်ထပ်တူကျပါ့မလဲ... ဒီသဘောပါပဲ... မြန်မာဇာတ်ကားတွေ ကောင်းခြင်း မကောင်းခြင်း ကျွန်မဝေဖန်ပိုင်ခွင့်ရှိရင်တောင် မဝေဖန်ဘူး...

ဒါပေမယ့် ကိုယ့်လောကသားအချင်းချင်းဆိုတဲ့စိတ်ရှိရင် မရသင့်တဲ့သူဆိုတဲ့စကား Media ကို နှုတ်ကထွက်ဆိုပြောလိမ့်မယ် မထင်ဘူး... သွေးခွဲနေတာလား သွေးကွဲနေတာလား ကျွန်မမဝေဖန်ချင်ပေမယ့်... သေချာတာက ကျွန်မဟာ.. မြန်မာပြည်က မြန်မာသရုပ်ဆောင်ပါ... 

အနုပညာလောကထဲက senior,junior အပါအဝင် စက်မှုပိုင်းဆိုင်ရာ ပညာရှင်များပါအပါ .. ကျွန်မ မိသားစုသဖွယ်ပါ...ကိုယ်နဲ့ကားရိုက်မဆုံဖူးတဲ့ အနုပညာရှင်မို့ဆိုပြီး.. အရိုသေမဲ့စကား အပြုအမူမျိုးလည်း မလုပ်ဖူးပါ... ပညာရပ်တိုင်းဟာ.. ကိုယ်ပဲသိ ကိုယ်ပဲတတ်တာမှ မဟုတ်ပဲလေနော်.. Generation တစ်ခုပြီးတစ်ခု ပိုပိုကောင်းလာတာ... မနာလိုဖြစ်စရာမှ မရှိပဲ... ကိုယ်ကြည့်ဖို့ ရုပ်ရှင်ကားကောင်းတွေတောင် တိုးလာမယ့်ကိစ္စ လက်မခံနိုင်စရာမရှိပါဘူး... ဒါပေမယ့် မိသားစုဝင်တွေကို ထိရင် နာတတ်တယ်.. 

မိဘက ကိုယ်နဲ့အယူအဆမတူဘူးဆိုရင်တောင်..မိဘကို ပြုပြင်ပြောင်းလဲချင်တဲ့ သားသမီးထဲ ကိုယ်မပါချင်ဘူးလေ... သူတို့ဖြတ်သန်းလာရတဲ့ အတွေ့အကြုံ ပညာရပ်တွေ ကိုယ့်မှာမရှိပေမယ့် သူတို့ကို တန်ဖိုးထားတယ်.. ဒါရိုက်တာဆု ကျေးဇူးတင်စကားမှာ... ဒီလောကသားတွေအားလုံး လက်ခုပ်တီးကြတဲ့အထဲ မပါလို့ မပါဘူးပြောတာ.. အမှားပါသွားပါသလား...(ဒီစကားထွက်လာဖို့ အကြောင်းအရင်းတစ်ခု.. မြင်ကွင်းတစ်ခုကို အခမ်းအနားအချိန်မှာပဲ... တွေ့လိုက်ရလို့ပါ.. ကိုယ့်စိတ်ထဲ.. ကိုယ်နဲ့မဆိုင်လို့သာ... ဪ ဒီလိုပါလားဆိုတဲ့ သတ်မှတ်ထားလိုက်မိတဲ့ မျက်လုံးထဲ cross တစ်ခုကြောင့် ပြောမိခဲ့တယ် ထင်ပါရဲ့ 

ဒါတောင် Group Chat တစ်ခုပါ... Public နဲ့ စော်ကားမိတာများလား.. Public ထိ ရောက်ခဲ့တဲ့ ရည်ရွယ်ချက်က ဘာမှန်းမသိပေမယ့် အကြောင်းမဲ့သက်သက် ဒီစာတွေ ရေးပြောနေကြတာ မဟုတ်ဘူးဆိုတာ နားလည်စေချင်ပါတယ်... Group name ဘာလို့ဖျောက်ပါသလဲ.. Hacker တစ်ယောက်ဟာ... ဘာလို့များ တစ်ချို့စာတွေ ဖျက်တင်သလဲ... ဘာ Group ဘာတွေပြောကြသလဲ သေချာဝင်မကြည့်သလဲ စဉ်းစားလို့မရဘူး...ဒါတွေပြောဖို့အတွက် ဖွဲ့ထားတဲ့ Group မဟုတ်တာတော့ သေချာတယ်.. Group Chat ဆိုတာလည်း ကိုယ့်မှာတော့ အများကြီးပဲ..ပြောချင်တဲ့အကြောင်းအရာ ပြောကြတာ.. လူ့သဘာဝ မဟုတ်ဘူးလားဟင်.. 

ကျွန်မဟာ.. လူအားပေးတဲ့ အနုပညာသမားမပြောနဲ့ ကိုယ့်ကိုသိတဲ့သူတောင် လက်ချိုးရေလို့ရတဲ့ အနေအထားပါ... ဒါပေမယ့် အနုပညာသမားတွေကိုချစ်တယ် သူတို့ Personal ဘာဖြစ်ဖြစ် ကျွန်မနဲ့မဆိုင်ဘူးလေ... ကိုယ်ချစ်တာ သူတို့အနုပညာ... ငယ်စဉ်ကတည်းက သူတို့ဇာတ်ကားတွေ ကြည့်ခဲ့ အားပေးခဲ့ရတဲ့..ဘဝကနေ တစ်ခါတစ်လေလေးများ အဲဒီမင်းသား မင်းသမီးတွေနဲ့ တွဲသရုပ်ဆောင်ရရင်လေ ပျော်မဆုံးပါဘူး... ဘယ်အခန်းကပါရပါရ.. နယ်ကား မြို့ကားလည်း မခွဲခြားခဲ့ပါ ... အနုပညာဟာ အနုပညာပါပဲ... 

ဗီဒီယိုမို့ acting လျှော့လုပ်မယ် ရုပ်ရှင်မို့ ပိုလုပ်မယ်ဆိုတဲ့စိတ်လည်း မထားဘူး... ဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်ကို သိက္ခာရှိရှိလုပ်နေရုံသက်သက်ပါပဲ... ခွဲခြားဆက်ဆံခြင်းလည်း မရှိခဲ့ဘူး ... ကိုယ်နဲ့ရိုက်ဖို့ ဇာတ်ကားတစ်ကားလာငှားတယ် ကိုယ်လုပ်နိုင်မယ်ထင်တဲ့ ဇာတ်ကောင် ဇာတ်လမ်း ကိုယ်လိုချင်တဲ့ အနုပညာကြေး တောင်းတယ် ရိုက်တယ်..အများပြောတဲ့ တောကား မြို့ကားတွေ ဘယ်တော့မှ မခွဲဘူး... ဘာဖြစ်လဲ သမ္မာအာဇီဝအလုပ်နဲ့ အသက်မွေးတာ... ရှက်စရာမှ မဟုတ်ပဲလေ...

အထင်မကြီးရင်.. ဒီနေ့ပွဲတောင် မလာသင့်ဘူးဆိုတာလည်း... စိတ်ထဲရှိတာ ပြောခဲ့ခြင်းပါပဲ.. ကျွန်မကတော့ အနုပညာအသိုင်းအဝိုင်း အနုပညာရှင်တွေ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို အထင်ကြီးပါတယ်... ဒါကြောင့်လည်း ဂုဏ်ယူစွာနဲ့ ထိုင်ခုံအရှေ့နားရောက်ရောက်.. အနောက်နားရောက်ရောက် ဘယ်သူရရ အထင်ကြီးတဲ့ စိတ်နဲ့ပဲ ထိုင်လက်ခုပ်တီး အားပေးတယ်... ဘယ်သူ့အပေါ်မှလည်း ကောင်းသည် ဆိုးသည် Media တွေ public တွေမှာ.. မဝေဖန်ခဲ့ဘူး.. မရသင့်တဲ့သူတွေ ရသွားတယ်ဆိုတာကတော့...

ခေတ်အဆက်ဆက် ပညာရှင်တွေ အကဲဖြတ်တဲ့ ဝါရင့် သဘာရင့်အနုပညာရှင်တွေအပေါ် စော်ကားတဲ့ အသုံးအနှုန်းလို့ ယူဆတဲ့အတွက် .. အဲဒီ interview အဖြေတစ်ခုကြောင့် စကားနှစ်ခွန်း ဝင်ပြောခဲ့မိပါတယ်... အဲဒါဟာ အပြစ်တစ်ခုဆိုလည်း ကျွန်မနောင်တမရပါဘူး...အထက်တန်းဘဝတုန်းက ဆရာမတစ်ယောက် ပြောဖူးတယ် သူများကို ပြောချင်ရင် ပြောတဲ့အချက်အတိုင်း ကိုယ့်ဘက်က လုပ်နိုင်မှပြောတဲ့... အခုကိစ္စမှာ ပြောခဲ့မိတဲ့စကားထဲ ၂ချက်စလုံးဟာ... လောကမှာ.. အမှန်တရားဆိုတာ... နေရာတကာ အသုံးမချသင့်ဘူးဆိုတာတော့ သင်ခန်းစာရလိုက်တယ်.. ဒါကြောင့်မို့လည်း comment box ကိုမပိတ်တာပါ... မှန်တယ်လေ လာရေးကြတာတွေ ကျွန်မက အောင်မြင်ကျော်ကြားလူကြိုက်များနေတဲ့ အနုပညာရှင်မဟုတ်ဘူး..တစ်ခါမှ မကြည့်ဖူးပါဘူးတဲ့.. ဟုတ်တယ်လေ.. ကိုယ့်အနုပညာ အရည်အသွေးမှ ထုတ်မပြနိုင်တာ.. တောကားတွေ အရိုက်များတယ် ဘာညာ.. အစုံ ... ဟုတ်ကဲ့ လက်ခံတယ်လေ.. ဒါလည်း အမှန်တရားပဲ... တောကားဆိုလည်း တောကားရိုက်တာလေ... ေ-ာကားရိုက်တာမှ မဟုတ်ပဲ.. ကိုယ့်ကို စိတ်ဆိုး ဒေါသဖြစ်လို့ ကိုယ့်acc ကို တကူးတကရှာပြီး ဝင်ရေးတာ... 

ကိုယ်ဆို စာရိုက်ပျင်းလွန်းလို့ ... ဒီစာတွေတောင် မတင်ရင်မဖြစ်လို့ လက်ညောင်းခံရေးနေတာပါ.. ကိုယ့်ကို Personal attack သီးသန့် အနေနဲ့ ရေးတဲ့သူတွေလည်း တွေ့တာပါပဲ... ရေးချင်တဲ့သူကရေး.. ဆဲချင်တဲ့သူက ဆဲခွင့်ရှိတယ်လေ... ကိုယ့်အပေါ်ဖြစ်တဲ့ ဒေါသစိတ်တွေအတွက် ထွက်ပေါက်တစ်ခုအဖြစ် အသုံးချနိုင်ပါတယ်...

စိတ်ပူကြတဲ့ လူနည်းစုအတွက်လည်း တောင်းပန်ပါတယ်.. ဒီအချိန်မှာ ကိုယ်နဲ့အယူအဆ အတွေး ခံယူချက် ရှင်သန်ရပ်တည်မှုမတူ သဘောထားမတိုက်ဆိုင်သူတွေမြင်လိုက်ရတဲ့အတွက်..ကျွန်မဆရာတစ်ယောက် ပြောခဲ့သလို... မိတ်ဆွေတွေထဲ ဘယ်သူဟာ (ဥပမာ-ဘယ်လောက်တန်တယ်)ဆိုတာ.. ခွဲခြားလိုက်နိုင်တဲ့အတွက် အဆိုးထဲက အကောင်းတစ်ခုအဖြစ် သတ်မှတ်ပါရစေ... နောက်နောင်.. အစစအရာရာ သတိထားပါ့မယ်လို့ ကတိပေးရင်း...

Source :ThinzarMyint Mo fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။