နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မေပန်းချီတစ်ယောက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေး ပွဲ အခမ်းအနားကို မတက်ဖြစ်ပဲ ဘန်ကောက်မြို့ကိုသွားရောက် လည်ပတ်ခဲ့တာဖြစ်ပါတယ်။ ချစ်စရာ ကောင်းတဲ့ ခန္ဓာကိုယ် ပြည့်ပြည့်၀၀လေးမို့ တကယ့်ကို ဖြစ်ညှစ်ချင်စရာကောင်း လောက် အောင်ကို သူမကဆွဲဆောင်မှုပိုလွန်းသူတစ်ယောက်ပါပဲ။ အနုပညာလမ်းကြောင်း ပေါ်မှာ သူမလျှောက်လှမ်း နေတာ အချိန်အတိုင်းအတာတစ်ခုထိ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အားပေးသူပရိတ်သတ်တွေကလည်း အများအပြားပါပဲ။



ပြီးခဲ့တဲ့ နှစ်က သူမရုပ်ရှင်ရိုက်ကူးနေစဉ် နာမည်ကျော်မင်းသမီးတစ်ဦးက ဇာတ်ညွှန်းထဲ မှာမပါတဲ့ စကားလုံးတစ်ချို့နဲ့ သူမကိုခပ်ရင့်ရင့်ပြောဆိုလိုက်တာကြောင့် စိတ်မကောင်းဖြစ် ရတယ်ဆိုတဲ့ အကြောင်းကို ပရိတ်သတ်တွေထံ ရင်ဖွင့်ခဲ့ပါသေးတယ်။ ရုပ်ရှင်ရိုက်ကူးနေ စဉ်မှာ ပိုပြီး သရုပ်ပေါ် အောင် ပုံဖော်ရတဲ့အတွက် တစ်ချို့အမှားအယွင်းလေးတွေဖြစ်တတ် တာလည်းရှိတာမို့ သူမအနေနဲ့တော့ ဗွေမယူပါဘူးလို့ဆိုပါတယ်။ အနုပညာလောကသား အချင်းချင်းဖြစ်တာမို့ တစ်ဦးအပေါ်တစ်ဦး ချစ်တဲ့စိတ်နဲ့ခွင့်လွှတ်ပေးခဲ့တဲ့ သူမရဲ့မြင့်မြတ်တဲ့ စိတ်ထားလေးက တကယ်ကိုချစ်ဖို့ကောင်းလှပါတယ်။




၀၀ပြည့်ပြည်ကိုချစ်ပါ ပြည့်ပြည့်၀၀ပြန်ချစ်ခံရမယ်ဆိုတဲ့ စကားလေးအတိုင်းပဲ ပြည့်ပြည့်ဖောင်း ဖောင်းလေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ သူမနဲ့ ဘန်ကောက်မြို့က ပုံရိပ်လေးတွေကို " ဈေးထဲ မရောက်ခင် ဈေးထဲရောက်ရင်မျောက်ရုပ်ဖြစ်ပြီ ဆိုင်အတွက်တိုးကြိတ်နေရလို့ " ဆိုပြီး သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို တင်ထားတာ ပဲဖြစ်ပါတယ်။ မေပန်းချီရဲ့ပုံရိပ်လေးတွေကို ပရိတ် သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။
Photo - မေပန်းချီစိုးနောင်




"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။