၁၄.၃.၂၀၁၈ ရက်နေ့မှ ၂၀.၃. ၂၀၁၈ ရက်နေ့ အထိ ဆရာစံဇာဏီဘို၏ တစ်ပတ်စာ ဟောကိန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ယတြာချေနည်းလေးတွေနဲ့ ကံကောင်းစေမဲ့ အရောင်တွေလည်း ပါဝင်တာကြောင့် အားလုံးပဲ ကံကောင်းကြပါစေနော် ….

တနင်္ဂနွေနေ့ မွေးသူများ

တနင်္ဂနွေနေ့ မွေးသူတွေ ရပ်တန့်ထားတဲ့ အလုပ်တွေ စတင် အောင်မြင်မယ်။ ခရီးကိစ္စ အဆင်ပြေမယ်။ လူမျိုးကွဲ အကျိုးပေးမယ်။ အရပ်ဝေးနဲ့ ဆက်သွယ် လုပ်တဲ့ အလုပ်တွေ အောင်မြင်မယ်။ ကံကောင်းမှုတွေ ကြုံမယ်။ ငွေကြေးကံကောင်းမယ်။ ရန်အတိုက်အခံ အနည်းငယ် ရှိတယ်။ ပြောသမျှ၊ လုပ်သမျှ အောင်မြင်မယ်။ တနင်္ဂနွေ၊ သောကြာ၊ စနေ နေ့ မွေးသူများ ကောင်းကျိုးပေးပြီး တနင်္လာနေ့၊ ကြာသာပတေးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။

ကံကောင်းစေမယ့် ဂဏန်း - ၂၊ ၇၊ ၉

ကံကောင်းစေတဲ့ အရောင် - အဖြူ၊ အစိမ်း၊ မီးခိုးရောင်

ယတြာ - အိမ်အနီးအပါးမှာ ရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ သစ်သီး လှူဒါန်းပါ။ 

တနင်္လာနေ့မွေးသူများ

တနင်္လာနေ့မွေးသူတွေက အရာရာ အဆင်ပြေစေမယ့် ကာလဖြစ်တယ်။ အခက်အခဲများကို ကျော်လွှားနိုင်မယ်။ ငွေကြေး၊ လုပ်ငန်း ကဏ္ဍ ကံကောင်းမယ်။ အကျိုးပေးခြင်းနဲ့ တိုးတက်ခြင်းများ ရှိမယ်။ ကံ အခွင့်အရေး ကောင်းတွေ ရှိမယ်။ ရန်အတိုက်အခံနဲ့တော့ ထိပ်တိုက် တွေ့နိုင်တယ်။ ထင်ရှားတဲ့ အောင်မြင်မှုမျိုး ရနိုင်တယ်။ တနင်္လာ၊ သောကြာနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ အင်္ဂါနေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရနိုင်တယ်။

ကံကောင်းစေမယ့် ဂဏန်း - ၃၊ ၇၊ ၉

ကံကောင်းစေတဲ့ အရောင် - အပြာ၊ အနီ၊ ကြက်သွေးရောင်

ယတြာ - အနီရောင်ပန်း မကြာခဏ ဘုရားကပ်လှူပါ။ 

အင်္ဂါနေ့မွေးသူများ

အင်္ဂါနေ့မွေးသူတွေ အနေနဲ့ကတော့ အရေးပါတဲ့ ဘ၀ တိုးတက်ပြောင်းလဲမှုတွေ ရှိမယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ်။ အရပ်ဝေးနဲ့ ဆက်သွယ်တဲ့ ကိစ္စတွေ အကျိုးပေးမယ်။ နိုင်ငံရပ်ခြားနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ အောင်မြင်မယ်။ ပြောရေးဆိုရေး လုပ်ငန်းတွေ အောင်မြင်မယ်။ ကံအပြောင်းအလဲနဲ့ တက်လမ်းပေါ်မယ်။ လူမျိုးကွဲ အကျိုးပေးမယ်။ ကံကောင်းတဲ့ ကာလ ဖြစ်တယ်။

တနင်္လာ၊ ဗုဒ္ဓဟူး၊ အင်္ဂါနေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရရှိပြီး ကြာသာပတေးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။ တနင်္ဂနွေ၊ စနေ မွေးသူများကြောင့်လည်း ပြသနာ ဖြစ်တတ်တယ်။

ကံကောင်းစေမယ့် ဂဏန်း - ၁၊ ၇၊ ၉

ကံကောင်းစေတဲ့ အရောင် - အပြာရောင်၊ အဝါရောင်၊ မီးခိုးရောင်။

ယတြာ - အဝါရောင် ပန်းပွင့် ဘုရားကပ်လှူခြင်း မကြာခဏ ပြုပေးပါ။ 

ဗုဒ္ဓဟူးနေ့မွေးသူများ

ဗုဒ္ဓဟူးနေ့ မွေးသူတွေအတွက် မေတ္တာရေး ကံကောင်းမယ်။ စိတ်ချမ်းမြေ့မယ်။ အလှူ မင်္ဂလာကိစ္စတွေ ကြုံတွေ့ရမယ်။ အရပ်ဝေးနဲ့ ဆက်သွယ်ပြီး လုပ်တဲ့ အလုပ်တွေ အကျိုးပေးမယ်။ လာလ်လာဘ တိုးတက်ခြင်းမျိုး ရှိတယ်။ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ရှေ့တိုးလုပ်ကိုင်တဲ့ အလုပ်တွေ ကောင်းမယ်။ သံယောစဉ် မထားသင့်သူကို သံယောစဉ် ထားမိတာကြောင့် စိတ်ပင်ပန်းမယ်။ တနင်္လာ၊ သောကြာ၊ အင်္ဂါနေ့ မွေးသူများနှင့် ပူးတွဲလုပ်ရင် အကျိုးပေးတယ်။ ကြာသာပတေး၊ စနေေ့န့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။

ကံကောင်းစေမယ့် ဂဏန်း - ၁၊ ၅၊ ၉

ကံကောင်းစေတဲ့ အရောင် - အပြာရောင်၊ အနီရောင်၊ ကြက်သွေးရောင်။

ယတြာ - သပြေညွှန့် ဘုရားကပ်လှူခြင်း မကြာခဏ ပြုပေးပါ။   

ရာဟုမွေးသူများ

ရာဟုမွေးသူတွေ အတွက်က ယှဉ်ပြိုင်မှု မှန်သမျှ အောင်မြင်မယ်။ ပညာ၊ လုပ်ငန်း တွဲဖက် အောင်မြင်မယ်။ အလုပ်ပို၊ ကိစ္စ ပိုတွေ ကြုံပြီး အောင်မြင်မှုရဲ့ အနှစ်သာရကို ရရှိမယ်။ အထူးကံကောင်းတဲ့ ကာလဖြစ်မယ်။ ဆန်းပွင့်မယ်။ မိတ်ဆွေကောင်း အထောက်အကူ ရမယ်။ ခရီးကံကောင်းမယ်။ အရပ်ဝေးနဲ့ ဆက်သွယ်ရမယ်။ မတော်တဆ ဖြစ်ခြင်းကိုတော့ ဂရုစိုက်ပါ။ တနင်္လာ၊ သောကြာ၊ စနေ နေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရမယ်။ တနင်္ဂနွေ၊ ဗုဒ္ဓဟူး မွေးသူများကြောင့် စိတ်အနှောင့်အယှက် ကြုံနိုင်တယ်။

ကံကောင်းစေမယ့် ဂဏန်း - ၁၊ ၄၊ ၉

ကံကောင်းစေတဲ့ အရောင် - အညိုရောင်၊ အပြာရောင်၊ မီးခိုးရောင်

ယတြာ - အဝါရောင်ပန်းပွင့် မကြာခဏ ကပ်လှူ ပူဇော်ပါ။ 

ကြာသာပတေးနေ့ မွေးသူများ

ကြာသာပတေး သားသမီးများအတွက်ကတော့ ထူးခြားတဲ့ အပြောင်းအလဲနဲ့ တက်လမ်းများပေါ်မယ်။ သူတစ်ပါးထက် သာအောင် လုပ်နိုင်တဲ့ အရည်အသွေး ပေါ်ထွက်နေတယ်။ ကိုယ်ပိုင် လုပ်ကိုင်ခြင်းရဲ့ အနှစ်သာရ ကို ရရှိမယ်။ ကံ မြင့်မား လာမယ်။ ကတိပေးတာ သတိထားပါ။ ကတိ မတည်သူတွေနဲ့ တွေ့တတ်တယ်။ မှန်းတာနဲ့ လက်တွေ့ အနည်းငယ် ကွာဟ နေမယ်။ လူမျိုးကွဲ အကျိုးပေးမယ်။

ကံကောင်းစေမယ့် ဂဏန်း - ၂၊ ၄၊ ၉

ကံကောင်းစေတဲ့ အရောင် - အညိုရောင်

ယတြာ - အညိုရောင် ပစ္စည်းတစ်ခု လူနဲ့ ဆောင်ပါ။

သောကြာနေ့ မွေးသူများ

သောကြာနေ့ မွေးသူတွေ အနေနဲ့ကတော့ တစ်ပတ်တာ ကာလ အတွင်း ကောင်းသော အပြောင်းအလဲနဲ့ တိုးတက်မှုတွေ ရှိမယ်။ လူမျိုးကွဲ အကျိုးပေးတယ်။ အရပ်ဝေးနဲ့ တွဲဖက်ပြီး လုပ်ကိုင်ရတာတွေ အောင်မြင်မယ်။ အမေ၊ အဖွား၊ အဒေါ် ကျန်းမာရေး ချူခြာမယ်။ ဥစ္စာဓန တိုးတက်ဖွံ့ဖြိုးခြင်းနဲ့ ကြုံမယ်။ လုပ်စရာ ရှိတာ ရဲရဲတင်းတင်း ရှေ့တိုးလို့ ကောင်းတယ်။ ငွေကြေး ကံကောင်းမယ်။ ရန်အတိုက်အခံ ရှိမယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ စနေ နေ့ မွေးသူများ ကောင်းကျိုးပေးပြီး တနင်္ဂနွေ၊ တနင်္လာနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်များ ရမယ်။

ကံကောင်းစေမယ့် ဂဏန်း - ၂၊ ၇၊ ၉

ကံကောင်းစေတဲ့ အရောင် - အစိမ်းရောင်၊ အဖြူရောင်၊ မီးခိုးရောင်

ယတြာ - သစ်ရွက်စိမ်း တစ်ရွက် အမွှေးနံ့သာဖျန်းပြီး ပိုက်ဆံအိတ်ထဲ ထည့်ဆောင်ပါ။

စနေနေ့မွေးသူများ

စနေနေ့ မွေးသူတွေ အနေနဲ့ကတော့ ရန်များမယ်။ ပြသနာများမယ်။ မူလ စီစဉ်နေတာနဲ့ ကွာဟမယ်။ ပြီးမှ လမ်းသစ်ထွင်ပြီး အဆင်ပြေသွားမယ်။ သူတစ်ပါးကြောင့် ကိုယ့်ရဲ့ လက်ရှိအခြေအနေမှာ အခက်အခဲတွေ ကြုံမယ်။ ရန် အတိုက်အခံ ရှိမယ်။ ပုံမှန်ထက် ပိုပြီး ငွေဝင်တာမျိုး ရှိမယ်။ ကြာသာပတေး၊ သောကြာ၊ စနေနေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရရှိပြီး အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်တတ်တယ်။

ကံကောင်းစေမယ့် ဂဏန်း - ၅၊ ၇၊ ၉

ကံကောင်းစေတဲ့ အရောင် - အနီရောင်၊ အပြာရောင်၊ မီးခိုးရောင်။

ယတြာ - အနီရောင် ပန်းပွင့် ကပ်လှူခြင်း မကြာခဏ ပြုလုပ်ပါ။

သတင်းအရင်းအမြစ် - ဆရာ စံဇာဏီဘို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။