ချစ်သူရည်းစားတွေနှစ်ပေါင်းများစွာတည်မြဲဖို့ဆိုတာ ရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်တွေကလည်းအရေးကြီးသလို နှစ်ဥိးကြားမှာပြောတဲ့ စကားလေးတွေကလည်းအရေးကြီးလှပါတယ်။မိမိပြောလိုက်တဲ့စကားလေးတွေကြောင့် ချစ်သူနဲ့ပိုပြီးသာယာပျော်ရွှင်တဲ့ဘဝလေးတွေကိုပိုင်ဆိုင်နိုင်သလို မိမိပြောတဲ့စကားလေးတွေကြောင့်ပဲ တဖြေးဖြေးမိမိအပေါ်စိတ်ကုန်ကာ တလွဲတွေးအမြင်တွေနဲ့ဝေးကွာသွားတတ်ကြပါတယ်။ဒါ့ကြောင့်ချစ်သူရည်းစားတွေကြားမှာမပြောသင့်တဲ့စကားလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁. မိမိရဲ့ချစ်သူရည်းစားမကြိုက်တဲ့စကားတွေကိုအမြဲမပြောပါနဲ့ ။ထိုစကားတွေက တခါတရံတော့ ခွင့်လွှတ်ပေးနိုင်ပေမယ့် ကြိမ်ဖန်များစွာပြောလာတဲ့အခါမှာတော့ မိမိအပေါ်ကို စိတ်ဆိုးစိတ်ကောက်ရာကနေ မကောင်းတဲ့အတွေးတွေဝင်သွားစေနိုင်ပါတယ်။
၂.မိမိရဲ့ချစ်သူရည်းစားကိုစိတ်ဓာတ်ကျစေမယ့်စကားတွေမပြောပါနဲ့။ ထိုစကားတွေသာသူ့ကိုအမြဲပြောနေမယ်ဆိုရင် သူ့ရဲ့စိတ်မှာ ငါ့ရဲ့ချစ်သူဟာ ငါ့အပေါ်ကိုစိတ်ဓာဏ်ရာတွေသာပေးစွမ်းနိုင်ပြီး ငါ့ကိုနာကျင်စေတဲ့သူလို့ထင်ကောင်းထင်သွားနိုင်ပါတယ်။

၃.မိမိရဲ့ချစ်သူရှေ့မှာမိမိစိတ်ဓာတ်ကျနေတာတွေသောကရောက်နေတာတွေကိုအမြဲမပြောပါနဲ့။ထိုစကားတွေကပြောပြတိုင်းကောင်းတဲ့အရာတွေမဟုတ်ပါဘူး။မိမိအပေါ်မှာ တကယ်နားလည်ပေးပြီး အခက်အခဲတွေကိုအတူရင်ဆိုင်ဖြတ်သန်းပေးမယ့်ချစ်သူဆိုတာဟာ ဒီခေတ်ကြီးထဲမှာ အရမ်းကိုရှားနေပါပြီ။ထိုစကားတွေသာအမြဲတမ်းပြောမယ်ဆိုရင် မိမိကိုယ်အဖြစ်မရှိတဲ့သူ။ စိတ်ပျော့တဲ့သူ ၊ဒီလိုလူနဲ့သာဆက်လက်တွဲနေရင် ငါအမြဲစိတ်ညစ်ရမှာပဲ ငါ့ကိုဘယ်လိုပျော်ရွှင်အောင်ထားမှာလဲဆိုတဲ့ အတွေးတွေဝင်သွားစေနိုင်ပါတယ်။

၄.မိမိချစ်သူရဲ့လျှိုဝှက်ထားသင့်တဲ့အရာတွေကို တခြားသူတွေကိုမပြောပါနဲ့။ ထိုစကားတွေကိုသာပြောလိုက်မယ်ဆိုရင် မိမိချစ်သူဟာမိမိအပေါ်မှာ ယုံကြည်မှုတွေကင်းမဲ့သွားစေနိုင်ပါတယ်။
၅.မိမိချစ်သူရဲ့ပတ်ဝန်းကျင်ကို အပြစ်တင်ရှုံချပြောဆိုခြင်းမပြုပါနဲ့ ။ပတ်ဝန်းကျင်ဆိုတဲ့ထဲမှာတော့ မိမိချစ်သူရဲ့ မိဘ၊ညီအစ်ကိုမောင်နှမ ၊သူငယ်ချင်းတွေအားလုံးပါဝင်နေပြီး ထိုသူတွေကိုသာခနခနအပြစ်တင်ပြောဆိုနေမယ်ဆိုရင်တော့ သူရဲ့စိတ်မှာ ငါ့ရဲ့ချစ်သူဟာငါ့ရဲ့ပတ်ဝန်းကျင်နဲ့နေသားကျနေထိုင်နိုင်မှာမဟုတ်ဘူးဆိုပြီး စွန့်ခွာသွားတတ်ကြပါတယ်။

ယခုဖော်ပြခဲ့တဲ့အချက်လေးတွေဟာဆိုရင်တော့ချစ်သူရည်းစားတွေကြားမှာ မပြောသင့်တဲ့အချက်လေးတွေကိုဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ပရိတ်သတ်တွေလဲထိုအချက်လေးတွေကိုမှတ်သားထားပြီး မိမိနဲ့မိမိရဲ့ချစ်သူရည်းစားကြားမှာ ရှောင်ကျဉ်သင့်တာလေးတွေရှောင်ကျဉ်လို့ရအောင်ဖော်ပြပေးလိုက်ပါတယ်နော်။

Myanmarload
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။