ဇေရဲထက်လို့ဆိုရင်တော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို့ ပြောရလောက်အောင် အားပေးသူ ပရိသတ်အခိုင်အမာနဲ့ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ပါ ။

အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်မို့ ဝေဖန်ပုတ်ခတ်မှုကြားက ရပ်တည်နေတဲ့သူက ဒီနေ့တော့ သူရင်ထဲက ခံစားချက်တွေကို ပရိသတ်ထံဝေမျှလာပါတယ် ။

“ ဒီလိုနေရာတစ်ခုရလာဖို့အတွက် အချိန်တွေပေးခဲ့ရတယ် တံတွေးခွက်ထဲပက်လက် မြောခဲ့ရတယ်..သူများအိမ်မှာ နေခဲ့ရတယ် ..ကန်စွန်းရွက်တစ်စည်းနဲ့ ခေါက်ဆွဲ ၂၀၀ တန် တထုတ်နဲ့လည်း နေခဲ့ဖူးသလို နက်ဖြန်ငတ်တော့မှာလားဆိုတဲ့ အတွေးတွေနဲ့လည်း ဘဝကို ဖြတ်သန်းခဲ့ဖူးတယ်လို့ ဆိုပါတယ် ။

ဝါသနာကိုအစတင်ဖို့အတွက် သူများအိမ်မှာမကြည်ဖြူတာကို သိရက်နဲ့လည်း အဆင်မပြေလို့ မျက်နှာငယ်စွာ နေခဲ့ဖူးတယ် လို့ဆိုပါတယ် ။

အခုချိန်ထိ သူများတွေအပေါ်လည်း ဖြူစင်တဲ့စိတ်ထားနဲ့ အရိုးသားဆုံးနေထိုင်ခဲ့သလို ဘယ် တုန်း ကမှလည်း မယုတ်မာခဲ့ဘူးလို့ ဆိုပါတယ်။

ဒီလိုရပ်တည်နိုင်ဖို့ကို အများကြီးအချိန်ယူကာ ပေးဆပ်ခဲ့ရတာတွေ အများကြီးမို့ မကူညီချင်နေ ပါ မနှောင့်ယှက်ပါနဲ့လို့ ဆိုပါတယ်။

ကြမ်းတမ်းတဲ့ဘဝတွေကြားထဲကနေ ဇေရဲထက်ဆိုတဲ့ နာမည်တလုံးကို ပရိသတ်လက်ခံ အောင် ကြိုးစားနိုင်ခဲ့တဲ့ သူရဲ့စိတ်ဓာတ်ကတော့ တကယ်ကို လေးစားစရာပါပဲနော် ပရိသတ် ကြီး ။

Source – Zay Ye Htet FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။