ပရိသတ်နဲ့ အနည်းငယ်အဆက်သွယ်ပြတ်နေတဲ့ မင်းသားဘုဏ်းသိုက်ကတော့ မကြာခင်မှာ ဇာတ်လမ်းတွဲလေးတစ်ခုနဲ့အတူ ပရိသတ်ရှေ့ကိုပြန်လည်ရောက်ရှိလာတော့မှာပါ ။

“ နေရယ် လရယ် အမှန်တရားရယ်” ဆိုတဲ့ ဒီဇာတ်လမ်းတွဲလေးကတော့ ပရိသတ်မြင်နေ ကျပုံစံများနဲ့ ကွဲထွက်နေမှာတော့ အသေအချာပါပဲ ။

ဥပဒေရဲ့အမှန်တရားဘက်တော်သား ရှေ့နေတစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး ဘုဏ်းသိုက်အပြင် မင်းသမီးချော ဆုပန်ထွာတို့နဲ့အတူ ဝါရင့်သရုပ်ဆောင် ခင်ဇာခြည်ကျော် လဲပါဝင်ပါတယ် ။

ဒီနေ့တော့ ရှေ့နေ နေမင်းထက်ရဲ့အခန်းကဏ္ဍပြီးစီးလို့ အေးချမ်းတဲ့ ပြင်ဦးလွင်နဲ့အတူ တစ်လကြာရိုက်ကူးခဲ့ရတာမို့ အနုပညာမောင်နှမတွေကို နှုတ်ဆက်ကာ သူတစ် ယောက်တော့ ရန်ကုန်ပြန်ရတော့မယ်လို့ ဆိုပါတယ် ။

ကဗျာတွေ စာတွေလည်း ရေးသားတက်တဲ့ မင်းသားတစ်ယောက်မို့ သရုပ်ဆောင် အလုပ်တွေနဲ့ အဆက်အသွယ်ပြတ်နေလည်း ပရိသတ်ကြီးကတော့ မေ့သွားမယ် မထင်ပါဘူးနော် ။

ဇာတ်လမ်းတွဲလေးတွေမှာ မြင်တွေ့ရခဲတဲ့ မင်းသားတစ်ယောက်မို့ မတူညီတဲ့ဇာတ်ရုပ်တွေနဲ့ အတူ ပရိသတ်ရှေ့ကိုရောက်ရှိလာမယ့် ဒီဇာတ်လမ်းတွဲလေးကိုလည်း စောင့်ကြည့် ဖို့မမေ့ပါနဲ့အုံးနော် ။

Source – Hpone Thaik FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။