မင်းသမီးချော အေးမြတ်သူကတော့ ချစ်စဖွယ် ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပို ဖမ်းစားလိုက်ပြန်ပါပြီ..။

မတ်လ(၁၂)ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာညစာစားပွဲကို ချစ်စရာကောင်းလွန်းတဲ့ Evening Grown ဝတ်စုံလေးနဲ့ ပွဲတတ်လာတဲ့ သူမရဲ့ ပုံရိပ်လေးတွေကတော့ ဆယ်ကျော်သက်လေးလို အလှသွေးကြွယ်နေတာ တွေ့ရပါတယ်..။ 

အသားရောင်နဲ့ အနက်ရောင်တွဲဖက် ချုပ်လုပ်ဖန်တီးထားတဲ့ ဂါဝန်ဝတ်စုံလေးကလည်း သူမနဲ့ လိုက်ဖက်ညီလွန်းလှတာကြောင့် သူမရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို ပိုပြီး ပေါ်လွင်စေတာလည်း ဖြစ်ပါတယ်..။

ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုတောယ့ အေးမြတ်သူက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရီသတ်တွေကို ပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်..။

ပါးချိုင့်မင်းသမီးလေးအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးချောလေး အေးမြတ်သူကတော့ သူမရဲ့ သရုပ်ောဆင်ပီပြင်မှုတွေနဲ့အတူ ချစ်စဖွယ် အမူအရာလေးတွေနဲ့ အပြုံးချိုချိုလေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်..။

ချစ်စရာကောင်းလွန်းတဲ့ မမြတ်လေးရဲ့ ဖက်ရှင်ပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - အေးမြတ်သူ fb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။