ပရိသတ်အချစ်တော်မင်းသားကြီး နေမင်းကို တော့ပရိသတ်တွေအားလုံးလည်း သိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဇာတ်ကားတိုင်းမှာ ဟန်ပါပါသရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးနှစ်ခြိုက်မှုကို ရရှိခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီကနေ့ သရုပ်ဆောင်နေမင်းရဲ့ လူမှုစာမျက်နှာပေါ်တွင် သီးခံခြင်းနှင့်ပတ်သက်ပြီး ပြောပြထားတာတွေ့ရပါတယ်။ 

သရုပ်ဆောင်မင်းသားနေမင်းရဲ့စာသားလေးကတော့ " သည်းခံ ခြင်းသည် အောင်မြင်ရာ၏ စကားရဲ့ တန်ဖိုးအား အသက်ရလာသည်နှင့် အမျှ တန်ဖိုးလည်း ပို ၍သိလာခဲ့သည်။ တန်ဖိုးပိုသိလာတာနှင့်အမျှ ပို၍လည်း သည်းခံနိုင်စွမ်းကိုမွေးမြူနေရပြီ ထို့အတူပင် ရရှိသော အကျိုးခံစားခွင့် သည်လည်း အညီအမျှ မြင်တတ်၍ လာခဲ့ကြသည်။ " ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ အဆိုပါ စာသားနှင့်အတူ ရိုက်ကူးပေါ်မှ ဓာတ်ပုံများကိုပါ တင်ထားတာတွေ့ရပါတယ်။ 

ပရိသတ်အချစ်တော်မင်းသားကြီးရဲ့ စာသားလေးကတော့ပရိသတ်များအတွက် အကြိုးရှိစေမယ် ထင်ပါတယ်။ ချစ်ပရိသတ်များကို ဒီကနေ့ သရုပ်ဆောင်နေမင်းပြောပြခဲ့တဲ့ သည်းခံမှုကြောင့် အောင်မြင်မှုရရှိခြင်း စာသားနှင့်အတူ ဓာတ်ပုံများကိုပါ မျှဝေပေးလိုက်ပါတယ်။

Source - Nay Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။