ပန်းရောင်ခြယ် လို့ပြောလိုက်ရင် ဆံပင်ရှည်ရှည် ဂါဝန်လေးတွေနဲ့ အရမ်းလှနေတဲ့ ကောင်မလေးကို ပရိသတ်ကြီး ပြေးမြင်ကြမှာပါ။ နာမည်ကြီး တေးရေး တေးဆို ဂရေဟမ်ရဲ့ သမီးကြီးဖြစ်တဲ့ ပန်းရောင်ခြယ်ကတော့ ယနေ့ခေတ်ပရိသတ်တွေကြား အလွန်ကို ရေပန်းစားလှတဲ့ကောင်မလေးတွေထဲမှာ ထိပ်ဆုံးက ပါဝင်လို့နေပါတယ်။ အမျိုးသားထုကြီးရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူမတစ်ယောက် ဒီနေ့ချောကလက်တွေ လက်ဆောင်ရလိုက်တယ်လို့ သိာပါတယ်။


သူမကတော့ ချောကလက်သေးသေးလေးတွေအများကြီးပါတဲ့ ဘူးကြီးကိုလက်ဆောင်ရခဲ့တာဖြစ်ပြီး သူမရဲ့ Instagram မှာရော Facebook fan page မှာပါ အမှတ်တရတင်ထားပါတယ်။ သူမကတော့ fan page မှာ ယခုလို "Choco-maniac တစ်ယောက်ကို ဒီနေ့ Cute Press က ဘန်ကောက်ကနေ chocolates တွေပို့ပေးလိုက်တယ်ဆိုတော့ immmm " ရေးသားကာ တင်ထားတာ တွေ့ရပါတယ် ပရိသတ်ကြီးရေ။

လတ်တလောမှာတော့ ပန်းရောင်ဟာ Cute Press ရဲ့ Brand Embassador အဖြစ် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ တလောကလည်း သူမကိုယ်တိုင် ရေးစပ်သီဆိုထားတဲ့ "လိပ်ပြာ" ဆိုတဲ့ သီချင်းလေးကို သူမကိုယ်တိုင်သရုပ်ဆောင်ထားကာ လူမှုစာမျက်နှာပေါ်ကိုတင်ခဲ့ပါတယ်။ ဒီသီချင်းလေးကတော့ ပရိသတ်တွေကြားအတော်လေးပေါက်ခဲ့ပြီး ကြည့်ရှုသူဦးရေကလည်း ငါးသိန်းနီးပါးထိ ရှိခဲ့ပါတယ် ပရိသတ်ကြီးရေ...


Photo: Pan Yaung Chel
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။