လူငယ်အဆိုတော် Bunny Phyoe ကတော့ အွန်လိုင်းသုံးစွဲသူ ပရိတ်သတ်များကို ရုတ်တရက် လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင်လုပ်လိုက်ပါတယ် ။

ပုံလေးတစ်ပုံက စတာပါ ။ ချစ်သူနဲ့ လမ်းခွဲပြီးနောက်ပိုင်းထဲက အချစ်ရေးနဲ့ပါတ်သတ်ပြီး ပရိတ်သတ်ကြား သတင်းစကားငြိမ်သက်နေခဲ့တဲ့ အဆိုတော်လေးက

ကောင်မလေးတစ်ယောက်နဲ့ မွေးနေ့ကိတ်ရှေ ့မှာ အတူထိုင်ရင်း " ကိုယ့်ရဲ့ ဆရာဝန်မလေး " ဆိုတဲ့ ဘောလုံးလေးကို ကိုင်ပြီး ပျော်ရွှင်စွာ မွေးနေ့ဆင်နွှဲနေတဲ့ပုံလေးတစ်ပုံ လူမှုကွန်ယက်မှာပျံနှံလာတဲ့အခါ မြင်သူတွေက ရုတ်တရက် အဲဒီမိန်းကလေးက ဘယ်သူလဲ ဆိုတာ စိတ်ဝင်စားလာကြပါတယ် ။ 

ပုံလေးကိုကြည့်ကြတဲ့ ပရိတ်သတ်တွေက

ချစ်သူတွေလားလို့ ထင်တဲ့ သူတွေလည်းရှိပြီး ဒီတိုင်း အပျော်ရိုက်ထားတာလို့ ထင်တဲ့ သူတွေလဲ ရှိလာကြပါတယ် ။ အမှန်တကယ်ကတော့ အဲဒီ မိန်းကလေးက ပရိတ်သတ်နဲ့ မစိမ်းလှပါဘူး ။ ပရိတ်သတ်အချစ်တော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ညီမလေးပါ ။ ဆရာဝန်အဖြစ်အလုပ်လုပ်ကိုင်နေပြီး အကိုဖြစ်သူရဲ့ SAI Cometix မှာလည်း ကူညီတာဝန်ယူပေးနေသူဖြစ်ပါတယ် ။ သူမရဲ့ မွေးနေ့လေးကို အဆိုတော်လေး Bunny Phyoe ကပါ ပါ၀င်ဆင်နွှဲနေတာပါ ။ 

ဒီပုံကိုကြည့်ပြီး Bunny Phyoe ချစ်သူလို့ အထင်မှားသွားကြတဲ့သူတွေကိုတော့ Bunny Phyoe က စိုင်းစိုင်းတော့လာထိုးတော့မှာပဲ ။ မယိင်းရေ ကန်တော့ကန်တော့ လို့ အရွှန်းဖောက်ပြီး ဖြေရှင်းထားတာကိုလည်းတွေ့ရပါတယ် ။ စိုင်းစိုင်းကို လူတိုင်းသိကြပေမယ့် စိုင်းစိုင်းရဲ့ ညီမလေးတွေကိုမြင်ဖူးသူနည်းတဲ့အတွက် သူမဘယ်သူလဲသိချင်နေတဲ့သူတွေကို အလင်းပြလိုက်ပြီနော် ...  

သတင်းအရင်းမြစ် Bunny Phyoe and Ying

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။