မင်းသားမြင့်မြတ်ဟာဆိုရင် သဘာဝကျတဲ့သရုပ်ဆောင်မှုတွေနဲ့ ပရိတ်သတ်အားပေးမှုအခိုင်အမာရရှိထားသူတစ်ဦးဖြစ်ပြီး ယောကျာင်္းသရုပ်ဆောင်ဖြစ်ပေမယ့် သူ့ရဲ့ ပရိတ်သတ်တွေက ဆန့်ကျင်ဘက်မိန်းကလေးတွေ မဟုတ်ဘဲ ယောကျာင်္းလေး ပရိတ်သတ် များပြားနေတာလဲ သူ့ရဲ့ ထူးခြားချက်ပါပဲ ။ အိမ်ထောင်ပြုပြီးနောက်ပိုင်းထဲက ရင်သွေးလေးလိုချင်တယ်လို့ အင်တာဗျူးတွေမှာ တစ်ဖွဖွဖြေဆိုခဲ့တဲ့သူက မကြာသေးခင်က ဆန္ဒပြည့်ဝသွားခဲ့ပါတယ် ။ 

ချစ်ဇနီးသည်မှာ ရင်သွေးလေးလွယ်ထားရပြီဖြစ်တဲ့အကြောင်း ၀မ်းသာစရာသတင်းကို ချစ်ပရိတ်သတ်တွေကို အသိပေးခဲ့တာပါ ။ ခုတော့ ဗိုက်လုံးလုံးဝန်းဝန်းလေးဖြစ်နေတဲ့ ဇနီးသည်နဲ့ အတူ ပျော်ရွှင်စွာတွေ့ရတဲ့ ပုံရိပ်လေးတွေ ပရိတ်သတ်ဆီ ထပ်မံမျှဝေပေးလိုက်ပြန်ပါတယ် ။ ပုံလေးတွေကတော့ ကြည်နူးစရာလေးတွေမို့ ပရိတ်သတ်တွေက အလွန်သဘောကျနေကြပါတယ် ။ 

ဒီနှစ်အတွက် ပရိတ်သတ်က အကယ်ဒမီ အရစေချင်ဆုံးမင်းသားတွေထဲ မြင့်မြတ်လဲပါပါတယ် ။ ရုံတင်ဇာတ်ကားကြီးတွေမှာ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ သဘာဝမင်းသားမို့ အကယ်ဒမီဆုနဲ့လည်း ထိုက်တန်တယ်လို့ သူ့ပရိတ်သတ်တွေက ယုံကြည်နေကြတာပါ ။ 2017 ခုနှစ်ရဲ့ အကယ်ဒမီ ဆုပေးပွဲကြီးက နီးကပ်လာပြီမို့ မြင့်မြတ်ကို အကယ်ဒမီ စင်မြင့်ပေါ်မှာ မြင်တွေ့ခွင့်ရနိုင်ဖို့ မျှော်လင့်နေတဲ့ ပရိတ်သတ်တွေရှိရင် ပြောသွားခဲ့လေနော် ... 

သတင်းအရင်းမြစ် Myint Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။