တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အရမ်းကိုအောင်မြင်ခဲ့ကြတဲ့ မင်းသမီးကြီးတွေဖြစ်တဲ့ မြတ်ကေသီအောင် နဲ့ ဟန်နီထွန်းတို့ လက်ရှိမှာတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးလို့နေကြပါတယ်။ မြတ်ကေသီအောင်ကတော့ သူမဝါသနာအရ တစ်ကားစနှစ်ကားစ သရုပ်ဆောင်ဖြစ်ပေမဲ့ ဟန်နီထွန်းကတော့ ပြည်ပမှာ အခြေချနေထိုင်နေကြောင်း သိရပါတယ်။


သူတို့နှစ်ဦးကြားမှာ လူမှုရေးပြဿနာအချို့ရှိနေပြီး မကြာခဏဆိုသလို အခြေအတင်ဖြစ်လေ့ရှိတဲ့ ပြဿနာဟာ ပရိသတ်တွေကြားမှာလည်း စိတ်ဝင်စားစရာဖြစ်လို့နေပါတယ်။ ယနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ကတော့ မင်းသမီးမြတ်ကေသီအောင်ရဲ့ အသက် (၄၆) နှစ်ပြည့်မွေးနေဖြစ်ပြီး သူမရဲ့ လူမှုစာမျက်နှာမှာ "Happy Birthday to Me..
46 ပြည့် မွေးနေ့ ကိုယ်တယောက်ထဲပေါ့.
ဘယ်သူ့မှ ဘေးမှာမရှိပေမဲ့...
ရှိနေစေချင်တဲ့သူကတော့ ရင်ဘတ်ကြီး
ထဲရှိတာပေါ့.
ဒါပေမဲ့လည်းလေ...
တယောက်နဲ့ တယောက် ဆုံကြရတာဟာ
ရေစက်ဆိုပေမဲ့ တခါတလေမှာ အဲ့ရေစက်
တွေက ဝဠ်ကြွေးဆပ်ဖို့အတွက် ဖြစ်လာမယ်
ဆိုရင်တော့ တယောက်ထဲပဲ ကောင်းပါတယ်" ဆိုပြီး ရေးတင်ထားတာတွေ့ရပါတယ်။

မင်းသမီး ဟန်နီထွန်းကတော့ ဒီ post ရဲ့ link ကိုပြန်ယူကာ သူမရဲ့ လူမှုစာမျက်နှာထက်မှာ "ဆုတောင်းလေ ဆုတောင်း" ဆိုပြီး ရေးသားပြောဆိုထားတာ တွေ့ရပါတယ်။ ပရိသတ်အများစုကတော့ သူတို့နှစ်ဦးရဲ့ ပြဿနာကို မသိကြပေမဲ့ ချစ်ရတဲ့ မင်းသမီးတွေကို အဆင်ပြေစေချင်တာမို့ စိတ်လျော့ကြဖို့ မကြာခဏ ပြောဆိုနေကြတာကိုလည်း မြင်တွေ့လို့နေရပါတယ် ပရိသတ်ကြီးရေ.....


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။