ဗီယက်နမ်အလှမယ်လေး ငုရင်ထရန်ဟုရန်မေ ကိုတော့ ပရိတ်သတ်တွေသိကြမယ်ထင်ပါတယ်။ သူမရဲ့ အလှတရားက နိုင်ငံတော်တော်များမှာ ကျော်ကျားလှတဲ့ အလှမယ်လေးတစ်ဦးလဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော သူမရဲ့အလှကို ချစ်ကြရဲ့လား။
ငုရင်ကတော့ မကြာသေးခင်အချိန်လေးတုန်းကလဲ ထွန်းကိုကိုနှင့်အတူ ရွှေနန်တော်ကြော်ငြာလေး ရိုက်ကူးဖို့အတွက်မြန်မာနိုင်ငံကို လာရောက်ခဲ့တာပဲဖြစ်ပါတယ်။ ထိုသို့လာရောက်တာက သူမအနေနဲ့ မြန်မာနိုင်ငံကို နှစ်ကြိမ်မြောက်လာရောက်ခဲ့တာဖြစ်ပြီး ပထမအကြိမ်ကတော့ နေတိုးနဲ့ ရုပ်ရှင်ဇာတ်ကားလေးတစ်ကားရိုက်ကူးဖို့ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ သူမလာရောက်ခဲ့တဲ့အချိန်တွေမှာတော့ သူမက မြန့်မာ့ရိုးရာဝတ်စုံလေးတွေနဲ့ ပရိတ်သတ်တွေကိုဖမ်းစားခဲ့တာပဲဖြစ်ပါတယ်။
မြန်မာဆန်တဲ့အလှကို နိုင်ငံရပ်ခြားကအလှမယ်လေးတစ်ယောက်ဆီမှာ တွေ့ရတာက တကယ်ထူးခြားလှပါတယ်။ ရိုးရိုးရှင်းရှင်းလေး ဝတ်ဆင်ထားပေမယ့် သူမရဲ့ဖုံးကွယ်ထားလို့မရတဲ့ အလှတရားကတော့ တောက်ပမြဲတောက်ပနေတာပဲဖြစ်ပါတယ်။ ဝင်းလက်တဲ့အသားအရေနဲ့ မြန်မာဝတ်စုံလေးတို့ပေါင်းဖက်ကာ မြန့်မာအမျိုးသားထုရဲ့ အသဲနှလုံးကိုဖမ်းစားခဲ့တဲ့ ငုရင်ရဲ့ ပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်။
Myanmarload
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။