ဟာသလူရွှင်တော် ကျော်ထူးတစ်ယောက်တော့ မင်းသားဖြိုးငွေစိုးရဲ့ အစအနောက်ကို တော်တေ်ာလေးခံရတယ်လို့ ပြောရမယ်ထင်ပါတယ်။ နှစ်ယောက်စလုံးကလဲ ညီအကို အရင်း တွေလို ခင်မင်ရင်းနှှီးတဲ့သူတွေမို့ တစ်ဦးနဲ့ တစ်ဦး အမြဲဒီလိုပဲ စနောက်နေပြီး စိတ်ဆိုးစိတ်ကောက်လည်း မရှိတက်ပါဘူး ။

ဒါကြောင့် ဒီနေ့မှာလည်း အစအနောက်သန်တဲ့ ဖြိုးငွေစိုးတစ်ယောက် ကြောင်လေးတစ် ကောင် ရဲ့ ပုံပြပြီး ကျော်ထူးကို နာမည်အမျိုးမျိုး ကင်ပွန်းတပ်ပေးလိုက်ပါတယ် ။

ဖြိုးငွေစိုးကတော့ ရွှေမှုန်ရတီနဲ့အတူ ရိုက်ကူးထားတဲ့ ကျော်ထူးရဲ့ပုံကလေးနဲ့အတူ ကြောင်လေးတစ်ကောင်ရဲ့ ပုံကလေးကိုပါတင်ပြီး ဒီလိုလေးတွေစနောက်ကာ ရေးသားလာ ပါတယ်။

“ ဒီမျက်နှာမျိုးမြင်ဘူးပါတယ်ထင်လို့ သေချာကြည့်တော့မှ ကြောင်မျက်လုံး ကြောင်နှာ ခေါင်းနဲ့ နာမည်ပေးကြည့်မယ်.. ဗျို့ ဦးကြောင်ကျော်နှာဗူး အဲလေကြောင်ကျော်နှာထူး ကျော်ကြောင်ထူးလဲရတာပါဘဲ ဆိုပြီး ရယ်မောစဖွယ်ရေးသားထားပါတယ်။

အတွဲညီပြီး လိုက်ဖက်လွန်းတဲ့ သူတို့နှစ်ဦးကတော့ ကိုယ်စီမိသားစုဘဝလေးတွေကို ပိုင်ဆိုင် ထားသလို အနုပညာအသိုင်းအဝန်းမှာလည်း ကောင်းသတင်းနဲ့အတူ ရပ်တည်နေသူတွေပါ ။

ဒါကြောင့်အနုပညာလောကသားနှစ်ဦးရဲ့ သဘောကျစရာကောင်းတဲ့ ဆက်ဆံရေးလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ရပါတယ်။

Source – U Kyaw Htoo FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။