မင်းသမီးချောလေးပိုး အိအိခန့်ကတော့ လက်တလောလူမှုကွန်ယက်မှာ အရမ်းကိုရေပန်းစားနာမည်ကြီးနေတဲ့ သူလေးပဲ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်အနဲငယ်ကလည်း သူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး လူမှုကွန်ယက်မီဒီယာ တွေမှာ အရမ်းကိုဂယက်ထသွားခဲ့ပါသေးတယ်။အကြောင်းကတော့ မြန်မာလက်ရွေးစင် ဘောလုံးသမား အောင်သူနဲ့ RS ချိတ်လိုက်တာကို ပရိသတ်တွေရိပ်မိခဲ့ပြီး သူတို့ကတော့ တရားဝင်ထုတ်ဖော်ပြောကြား ခြင်းမရှိသေးပေမယ့် ပရိသတ်တွေကတော့ သဘောတူနေကြတာပဲ ဖြစ်ပါတယ်။ 

သူမကတော့ အနုပညာလမ်းကြောင်းပေါ်ကို စတင်ဝင်ရောက်လာခဲ့တာမကြာသေးပေမယ့် ပရိသတ်တွေ လက်ခံအားပေးမှုကို ရရှိနေပြီဖြစ်တဲ့ တက်သစ်စမင်းသမီးချောလေးပဲဖြစ်ပါတယ်။လက်ရှိမှာလည်း အနုပညာ လှုပ်ရှားမှုတွေ အများကြီးလုပ်ကိုင်နေတာဖြစ်ပြီး ပရိသတ်တွေအတွက်ကြိုးစားနေတဲ့ သူလေးပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ အနုပညာခြေလှမ်းအသစ်လေးဖြစ်တဲ့ "မြဉ္ဖူချစ်သော တောကလူ" ဗီဒီယိုဇာတ်ကားကို ဖေဖော်ဝါရီလ (၁၂) ရက်နေ့က စတင်ရိုက်ကူးနေခဲ့တာပဲ ဖြစ်ပါတယ်။  

ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာ သက်နေထွန်းကရိုက်ကူးနေတာဖြစ်ပြီး ဘားအံမြို့မှာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။သရုပ်ဆောင် နေနော်၊ ပိုးအိအိခန့်၊ မင်းလူနတ် နှင့် အခြားသရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးထား တဲ့ ဒီဇာတ်ကားလေးကတော့ မကြာခင်မှာပရိသတ်တွေကြည့်ရှု့ခွင့်ရတော့မှာပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို ပရိသတ်တွေအကြိုကြည့်ရှု့ခံစားနိုင်စေရန် မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ပိုးအိအိခန့်

Photo Credit - MC 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။