မင်းသားကြီး နေဝင်းကို ကောလိပ်ဂျင်နေဝင်းရယ်ဆိုပြီး ပရိသတ်တွေ ပါးစပ်ဖျားမှာ စွဲတွင်စေခဲ့တဲ့ "ကောလိပ်ဂျပိုး" ဇာတ်ကားကြီးကို မြင့်မြတ် ဝတ်မှုန်ရွှေရည်တို့နဲ့ ပြန်လည်ရိုက်ကူးခဲ့ပြီး ယခုလက်ရှိရုံတင်ပြသလျက်ရှိတယ်လို့သိရပါတယ်။ ဆရာဇဝနရဲ့ နာမည်ကြီး ဝတ္ထုကိုပြန်လည်ရိုက်ကူးခဲ့တာဖြစ်ပြီး တက္ကသိုလ်ကောလိပ်ကျောင်းသားတွေရဲ့ ပျော်ရွှင်စရာပုံရိပ်တွေကို မြိုင်မြိုင်ဆိုင်ဆိုင်တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ 

ဒီဇာတ်ကားကြီးကို လက်ရှိမှာ ရုံတင်ပြသလျက်ရှိနေပြီး အားပေးမှုတွေလည်းရှိသလို ပြင်းထန်တဲ့ ဝေဖန်ရှုတ်ချမှုတွေနဲ့လည်း မြင်တွေ့နေရပါတယ်။ Movie review တွေ ရေးလေ့ရှိတဲ့ page တစ်ခုကတော့ ထိုဇာတ်ကားနဲ့ပတ်သတ်ပြီး ဝေဖန်ရေးသားမှုတွေ ပြုလုပ်ထားပြီး ထို review ဟာ လက်ရှိလူမှုစာမျက်နှာထက်မှာ ပရိသတ်တွေကြား ပျံ့နှံ့လို့နေပါတယ်။ 

ဒီဇာတ်ကားဟာ ဟာသကားလို့တောင် မပြောထိုက်လောက်အောင် အဆင့်နိမ့်တဲ့ အပေါစား ဇာတ်ကားတစ်ကားသာ ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုကို တွေ့ရှိရပါတယ်။ သို့ပေမယ့်လည်း "ကောလိပ်ဂျပိုး" ဇာတ်ကား page မှာတော့ ကြိတ်ကြိတ်တိုးစံချိန်တင်အားပေးလျက်ရှိနေကြောင်း ရေးသားပြောဆိုလို့ထားတာ တွေ့ရပါတယ်။ Movie review နဲ့ပတ်သတ်ပြီး အပြည့်အစုံကိုတော့ IMN movie review page မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ပရိသတ်ကြီးရေ....

Photo Source:  ကောလိပ်ဂျပိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။