မြန်မာ့အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတော့မယ့် တချိန်ကဖိုက်တင်းမင်းသားကြီး ရဲမင်းပိုင်ကို ပရိသတ်များ ကြိုက်မယ်ထင်ပါတယ်။ ဖိုက်တင်မင်းသားရဲမင်းပိုင်ကတော့ တချိန်က နာမည်ကြီးမင်းသားကြီး ဖြစ်တဲ့ ဦးကျော်ဟိန်းနဲ့ ရိုက်ကူးမှုများ ပြုလုပ်ခဲစဉ်က ပြောပြခဲ့တဲ့ နိမိတ်ပြ စကားကို ယနေ့ ထိမှတ်မိနေဆဲဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ယင်းစကားကို ရဲမင်းပိုင်ကိုယ်တိုင်အသုံးပြုတဲ့ ဖေ့ဘွက်စာမျက်နှာကနေ ပြောပြထားတာပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ်က " အချစ်သီရီ "ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားရိုက်နေတုန်းမှာ ရဲမင်းပိုင် ကတော့ သာမန်သရုပ်ဆောင်အဖြစ်နဲ့ ပါဝင်ခဲ့စဉ် ဦးကျော်ဟိန်းက စကားလေးတစ်ခွန်းပြောခဲ့ဖူးပါတယ်။ "မင်း လူကြမ်းမလုပ်နဲ့ကွာ မင်းက မင်းသားဖြစ်မှာ" ဟူ၍ ပြောခဲ့တယ်လို့ ရဲမင်းပိုင်က ပြောပြခဲ့ပါတယ်။ ထိုစကားနဲ့အတူ ဓာတ်ပုံဟောင်းလေးတစ်ပုံကိုလည်း တင်ထားတာ တွေ့ရပါတယ်။ ဓာတ်ပုံထဲမှာတော့ ကျော်ဟိန်း၊ ဆရာကြီး မြတ်ရှင်နဲ့ ရဲမင်းပိုင်တို့ကို တွေ့ရပါတယ်။

ရဲမင်းပိုင်က ခုလောလောဆယ်တော့ အမေရိကန်နိုင်ငံကနေ မြန်မာပြည်ကို အလုပ်အတွက်ရော ပရိတ်သတ်နဲ့တွေ့ဖို့ပါ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ သူက အရင်လိုဖိုက်တင်ကားတွေ ပြန်ရိုက်ဖို့ အားသန်နေပါတယ်။ ထုတ်လုပ်ရေးသာရှိမယ်ဆိုရင် ရိုက်ကူးသွားမယ်လို့လည်း ပြောပြခဲ့ပါတယ်။ ရဲမင်းပိုင်ကတော့ မြန်မာပြည်နဲ့ ၁၄ နှစ်ခန့် ဝေးကွာခဲ့တာဖြစ်ပေမယ့် ပရိသတ်များရဲ့ အားပေးမှုများစွာရှိနေသေးကြောင်း တွေ့ရပါတယ်။

Source - H N

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။