အနုပညာလောကထဲမှာ အိမ်ထောင်ရေးကံကောင်းတဲ့ မင်းသမီးတွေထဲမှာ နိုင်ငံကျော်မင်းသမီးလေး သင်ဇာနွယ်ဝင်းတစ်ယောက်လည်း ပါ၀င်ပါတယ်။
အိမ်ထောင်ကျပြီး သားလေးတစ်ယောက်ရဲ့ မေမေဖြစ်နေတဲ့ သင်ဇာနွယ်ဝင်းကတော့ သူမရဲ့ ခင်ပွန်းသည် ဆီကနေ ပန်းစည်းလေးလက်ဆောင်ရခဲ့တယ်လို့ သိရပါတယ်။


ခင်ပွန်းသည်ဆီကနေ မင်္ဂလာသက်တမ်းတစ်နှစ်ပြည့်နှစ်ပတ်လည်အနေနဲ့ အခုလို ပန်းစည်းလှလှလေးတွေလက်ခံရရှိခဲ့တာဖြစ်ကြောင်း သူမရဲ့ လူမှုကွန်ရက်အကောင့်မှာ ဒီနေ့မှာ မျှဝေထားတာဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံရဲ့ ဘဝထဲကို ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် ရောက်ရှိလာပြီးနောက်မှာ ပိုပြီးသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးဖြတ်သန်းနေတာဖြစ်ပါတယ်။
မိန်းကလေးတိုင်းအားကျရလောက်တဲ့ အိမ်ထောင်ရေးပိုင်ဆိုင်ထားတာမို့ သူမကို အားကျနေရတဲ့ပရိသတ်တွေလည်း ရှိနေပါတယ်။


သင်ဇာတစ်ယောက် ခင်ပွန်းဖြစ်သူလှမျိုးမြင့်ဆီက ဂရုစိုက်ကြင်နာမှုတွေရရှိနေတဲ့အပြင် သားလေးမွေးပြီးနောက်မှာ တစ်သားမွေးတစ်သွေးလှလာတာကိုတော့ ပရိသတ်တိုင်းချီးကျုးနေရတာပါ။
ဇာတ်ကားများစွာရိုက်ကူးခဲ့ဖူးပြီး လက်တလောမှာတော့ အနုပညာအလုပ်တွေရပ်နားထားပြီး မိခင်ဘဝကိုအပြည့်အဝအချိန်ပေးနေတာကိုတွေ့ရပါတယ်။
ပရိသတ်ကြီးရော သင်ဇာ့ကို အားကျသွားပြီလား


Source : Thinzarnwewin fb
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။