အဆိုတော် မင်းသားချောလေး ထွန်းထွန်းရဲ့ အချစ်ရေးကတော့ ခုချိန်မှာ အိုကေမှာစိုပြေနေတာ ပရိတ်သတ်အသိပဲဖြစ်မှာပါ ။
ချစ်သူချောချောလေးရထားတဲ့ ထွန်းထွန်းကတော့ သူ့ချစ်သူလေးနဲ့ အမှတ်တရတွေကို လူမှုကွန်ယက်မှာ မကြာခဏတင်လေ့ရှိပြီး ချစ်သူလေးနဲ့ ကွန်မန့်တွေ အပြန်အလှန်ပေး ကြည်နူးလေ့ရှိပါတယ် ။ ခုလည်း ထွန်းထွန်းတင်လိုက်တဲ့ ပုံလေးတစ်ပုံကြောင့် ပရိတ်သတ်တွေက ချစ်စနိုးနဲ့ ၀ုိင်းစနောက်တာကိုခံနေရပါတယ် ။

အကြောင်းကတော့ သူတင်တဲ့ ပုံလေးက သူ့ရဲ့ လက်ပုံလေးဖြစ်ပြီး ထူးခြားတာက အဲဒီလက်လေးမှာ ကိုက်ထားတဲ့ သွားရာလေးတွေ ပါနေလို့ပါပဲ ။
ဒီ သွားရာတွေက ဘယ်သူ့သွားရာလေးတွေလဲဆိုတာ သူ့ပရိတ်သတ်တွေကတော့ မပြောလဲ သိနေကြပါတယ် ။ ထွန်းထွန်းကလည်း ဒီသွားရာလေးတွေကို
သဘောကျလို့ အမှတ်တရ ဓါတ်ပုံရိုက်ထားပုံပါ ။

ဒီပုံလေးထဲက ကြည်နူးစရာအခိုက်အတန့်လေး ကိုမြင်တဲ့ ပရိတ်သတ်တွေက ကိုကိုထွန်းထွန်း ဘာသွားပြောလို့ ကိုက်ခံလိုက်ရတာလဲလို့ စနောက်နေကြတာကို တွေ့ရပါတယ် ။ မကြာသေးခင်ကလည်း ထွန်းထွန်းက သူနဲ့ သူ့ချစ်သူလေးနဲ့ ဖုန်းလေးကအစ Romantic ဆန်ဆန် ဆင်တူကိုင်ကြတဲ့ ပုံလေးတွေလဲ မျှဝေပေးထားတာမို့ ပျားရည်ဆမ်းတဲ့ ချစ်ခရီးလမ်းလေး ဖြစ်နေတာတော့ အသေအချာပါပဲ ပရိတ်သတ်ကြီးရေ ..




သတင်းအရင်းမြစ် Tun Tun
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။