နာမည်ကျော်သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်ခဲ့တဲ့ အကယ်ဒမီနန္ဒာလှိုင်တစ်ယောက် သူမရဲ့ခင်ပွန်းဖြစ်သူမွေးနေ့မှာ မော်တင်စွန်းစေတီတော်ကိုထီးတင်ပွဲအလှူပြုလုပ်ခဲ့ပါတယ်။ တကယ်ကိုအလှူရေစက်လက်နဲ့မကွာပါပဲ။ လိုက်ဖက်လွန်းပြီး ကြည့်ရတာကြည်နူးစရာ ကောင်းတဲ့ မိသားစုလေးပါပဲ။ ဝတီ ရတီနဲ့ နဒီဆိုတဲ့ ချစ်စဖွယ်ကစ်ကစ်တုတ်တုတ် သမီးလေးသုံးယောက်ကိုပိုင်ဆိုင်ထားပြီး ယခုချိန်ထိ တစ်ယောက်အပေါ် တစ်ယောက် ချစ်ခြင်းမပြယ်သေးပဲ ကြင်ကြင်နာနာနဲ့ ပျော်ပျော်ရွှင်ရွှင် ရွှေလက်တွဲနေတဲ့ ချစ်စဖွယ် ဇနီးမောင်နှံနှစ်ဦးပဲဖြစ်ပါတယ်။ ဒီကနေ့ဟာ သူမခင်ပွန်းရဲ့ အသက် လေ့ဆယ့်တစ်နှစ်ပြည့် တဲ့ မွေးနေ့ပွဲလေးပဲဖြစ်ပါတယ်။ မွေးနေ့အကြိုတစ်ရက်မှာပဲ မော်တင်စွန်းစေတီတော်ကို ထီးတောင်တင်အလှူပွဲပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ မွန်မြတ်လှတဲ့အလှူလေးမို့ သာဓုခေါ် ထိုက်ပါတယ် ပရိတ်သတ်ကြီးရေ။

နန္ဒာလှိုင်က Facebook မှာ သူမရဲ့ချစ်လှစွာသောခင်ပွန်းရဲ့ မွေးနေ့ပွဲလေးအတွက် " Happy birthday! ပါယောကျာ်းရေ 41 နှစ်ပြည့်ပြီနော် ဘဝရဲ့ကျန်ရှိနေတဲ့အချိန်တိုင်းကို စိတ်ချမ်း သာကိုယ်ချမ်းသာနဲ့ဖြတ်သန်းနိုင်ပါစေ " ဆိုပြီး မွေးနေ့ဆုတောင်းလေးရေးပေးထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ 2017 တုန်းက မိသားစုတွေ ဘန်ကောက်ကိုခရီးထွက်တုန်းက ခင်ပွန်း ဖြစ်သူက သူမကိုချီပင့်ကာ နှစ်ယောက်သားပြုံးပျော်နေတဲ့ ပုံရိပ်လေးက ပရိတ်သတ်တွေ ကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။ အတူတူရှိတဲ့အချိန်တွေ ပိုမိုများလာတဲ့အမျှ ချစ်တဲ့ အချစ်တွေကလည်း ပိုမိုတိုးပွားလာခဲ့ပြီး ချစ်စဖွယ်သမီးလေးသုံးယောက်နဲ့အတူ ပျော်ရွှင် စရာကောင်းတဲ့ မိသားစုလေးကိုလည်း တည်ဆောက်ထားနိုင်ခဲ့ပါတယ်။

သူမတို့မိသားစုရဲ့ မောင်တင်စွန်းစေတီတော်ထီးတင်ပွဲကပုံရိပ်လေးတွေက တကယ်ကို ကြည်နူးစရာကောင်းလှပါတယ် ပရိတ်သတ်ကြီးရေ။ သူမတို့အလှူပွဲမှာ ဘဝအဆက်ဆက်က ဆွေမျိုးတွေလာရောက်ကြတာကြောင့် သူမကငိုချင်သလိုလိုဖြစ်တယ်ဆိုပြီး Facebook မှာ စာတင်ခဲ့ပါသေးတယ်။ " အမျိုးတွေလာတယ်ထင်တယ် စိတ်ထဲဝမ်းနည်းနေတယ် " ဆိုပြီး စာတင်ထားခဲ့တာဖြစ်ပါတယ်။ အလှူတစ်ခုပြုပြီဆို ကိုယ်နဲ့ဆက်နွယ်ခဲ့သူတွေဟာ သာဓုခေါ် ဆိုဖို့ရောက်လာတာတွေ ရှိတတ်တဲ့အတွက် သူမတို့အလှူလေးမှာလည်း ရောက်လာခဲ့ကြပုံ ပါပဲ။ အလှူပြုနေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါ တယ်။

Photo - Nandar Hlaing's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။