မဟာဆန်ဆန်လှတဲ့ အလှပိုင်ရှင်လေးကိုပြောပြပါဆိုရင်တော့ ပိုးကြာဖြူခင်ဆိုတဲ့ မင်းသမီးလေးကိုပြောပြရမှာပါ။ အနက်ရောင်ဆံနွယ်ရှည်လေးများနဲ့ ရင်ကိုအေးမြစေတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာမို့ သူမကိုသဘောမကျတဲ့ ပရိသတ်ဆိုတာ မရှိသလောက်ပါပဲ။ အေးချမ်းပြီး မြန်မာမလေးတစ်ယောက် ရဲ့အလှနဲ့ပြည့်စုံ သူ တစ်ယောက်ဆိုတာ ဒီပုံလေးတွေမြင်ရင်တော့ ပရိသတ်ကြီးလက်ခံသွားမှာပါ။



သူမဘာလုပ်လုပ် ဘယ်လိုနေနေ အားပေးမြဲ ချစ်ခင်မြဲရှိနေတဲ့ We Love ကလေးတွေ အတွက် ဒီနေ့တော့ ကြွေလောက်တဲ့စကားလေးတစ်ခွန်း ဆိုလာပါတယ်။ အဲဒါကတော့ “ တစ်စက္ကန့်လေးရဲ့ ဆယ်ပုံတစ်ပုံတောင် မခွဲနိုင်ဘူးကွယ် ဘယ်သူလေးတွေလဲဆိုတော့ သူမရဲ့ We Love ကလေးတွေပါ” တဲ့။ ဒီလိုတောင်ချစ်မဝအောင် ဆွဲဆောင်နိုင်သူပါပဲနော်။
Miss တစ်ယောက်အနေနဲ့လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့သူမကို ထူးခြားတဲ့မျက်နှာလေး ကြောင့် သတိထားခဲ့မိတဲ့ ပရိသတ်တွေလည်းရှိသလို MRTV – 4 ရဲ့ဇာတ်လမ်းတွဲ လေးတွေထဲမှာမှ ပိုးကြာဖြူခင်ဆိုတဲ့ သူမကို မှတ်မိသွားသူတွေလည်းရှိပါတယ်။



ဒါပေမယ့် အဆုံးသတ်သွားခဲ့ပြီဆိုတဲ့ “ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည်” ဆိုတဲ့ ဇာတ်လမ်းတွဲ လေးကိုတော့ ပရိသတ်ကြီးက မေ့မယ်လို့ မထင်ပါဘူးနော်။ ဒီဇာတ်လမ်းလေးကို သတိရနေအုံးမယ်ဆိုရင် ဒီကားလေးထဲက ကျောင်းဆရာမလေး မဝေကိုတော့ ပရိသတ်ကြီးက ပိုလို့တောင် သတိတရရှိနေအုံးမယ်လို့ ထင်ပါတယ်။ ဒါကြောင့် Myanmar Load က သူမရဲ့ပရိသတ်တွေအတွက် ပုံရိပ်ကလေးတွေကို စုစည်းပေးလိုက်ရပါတယ်။
Source – Poe Kyar Phyu Khin FB


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။