ပရိသတ်တွေကို ခွဲခွာသွားခဲ့တာ ကြာပြီဖြစ်တဲ့ ဟာသပညာရှင် အကယ်ဒီ ဦးမော့စ် ကိုသတိရကြ အုန်းမယ်ထင်ပါတယ်။ အနုပညာလောကမှာ မိုးဒီနဲ့ မော့စ် ဆိုတဲ့ဟာသ ညီနောင်အတွဲလေးကတော့ ပရိသတ်တွေမသိတဲ့ မရှိလောက် အောင်ကို ထင်ပေါ်ကျော်ကြား လူကြိုက်များခဲ့တဲ့ ဝါရင့်ဟာသ သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ဦးမော့စ်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၃)ရက်နေ့မှာတော့ ချစ်ပရိသတ်တွေနဲ့ မိသားစုဝင် အားလုံးကိုလက်ပြ နှုတ်ဆက်သွားခဲ့တာ ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသပညာရှင် ဦးမော့စ်ရဲ့ ပုံတူကိုယ်ပွား အလားထင်မှတ်ရတဲ့ ဦးလေးကြီးတစ် ယောက် ပေါ်ထွက်လာခဲ့ပြီး လူမှုကွန်ယက်မှာ အရမ်းကိုရေးပန်းစား နေပါတယ်။



ဦးမော့စ်နဲ့ ခွဲမရအောင် ချွတ်စွတ်တူတဲ့ အဲ့ဒီဦးလေးကြီးရဲ့ ဗီဒီယိုဖိုင်လေး တစ်ခုလူမှုကွန်ယက်မှာ ပျံနှံခဲ့ပြီး နာရီပိုင်း အချိန်အတွင်းမှာတင် ကြည့်ရှု့သူ ပရိသတ်အပေါင်း သိန်းနဲ့ချီ ရှိလာခဲ့တာ ပဲဖြစ်ပါတယ်။ အဲ့ဒီဗီဒီယို ဖိုင်လေးထဲမှာတော့ ဦးမော့စ် အသက်ရှိခဲ့စဉ်က အတိုင်း အသက်အရွှယ်၊အရပ်အမောင်း၊ ဆံပင်ပုံစံ၊ အဝတ် အစား၊ အမူအရာနဲ့ စကားပြောတဲ့ အသံ လေယူလေသိမ်းတို့က အစခွဲမရတောင်တူနေတာ ပဲဖြစ်ပါတယ်။ သီချင်းလေး တစ်ပုဒ်ကိုလည်း ဦးမောစ့်ရဲ့ ဟန်ပန်အမူအရာအတိုင်း သီဆိုပုံအသံတို့ ကအစ တစ်ပုံစံ ထပ်တူပီပီ ပြင်ပြင် ဆိုပြသွားခဲ့ပြီး ပရိသတ်တွေအားလုံးကို ဟာသမြောက်တဲ့လုပ်ကွက်လေးတွေနဲ့ ပွဲကျစေခဲ့တာ ပဲဖြစ်ပါတယ်။



ဦးမောစ့်ရဲ့ ကိုယ်ပွားလို့ ပရိသတ်တွေ တင်စားခေါ်ဝေါ်နေကြတဲ့ ဦးလေးကြီးရဲ့ ဗီဒီယိုဖိုင်လေး ကိုတော့ မျိုးလေး အမည်ရှိတဲ့ ဖေ့ဘွတ်ခ် အကောင့်ကနေ ဇန်နဝါရီ(၂၇)ရက်နေ့ ကမျှေ၀ ခဲ့တာပဲဖြစ်ပါတယ်။ ဦးမော့စ် ကိုချစ်တဲ့ ပရိသတ်တွေ အားလုံးလည်း ကိုအရမ်းကိုအံ့သြသင့်ခဲ့ ကြရပြီး ချီးကျူးမဆုံးဖြစ်နေ ကြပါတယ်။ ပရိသတ်တွေနဲ့ ခွဲခွာသွားနှစ်ပေါင်းများစွာ ကြာပြီးဖြစ်တဲ့ ဦးမော့စ် ရဲ့ပုံတူကိုယ်ပွား အလားထင်မှတ်ရတဲ့ ဦးလေးကြီးရဲ့ ပုံရိပ်လေးတွေနဲ့ တကွ ဗီဒီယိုဖိုင်လေးပါ ချစ်ပရိသတ်တွေ အတွက်မျှဝေပေးလိုက်ပါတယ်နော်။


သတင်းအရင်းအမြစ် - မျိုးလေးဖေ့ဘွတ်ခ်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။