“အနမ်းဝိုင်”ရုပ်ရှင်ဇာတ်ကားကြီးကတော့ လက်တလောမှာ ပရိသတ်တွေကြား အရမ်းကိုရေပန်းစား လို့နေပါ တယ်။အနမ်းဝိုင်ရုပ်ရှင်ကားကတော့ နိုင်ငံကျော်စာရေးဆရာမ ပုညခင်ရဲ့ ဝတ္ထုကို ပရိသတ်အချစ်တော် ဝါရင့် သရုပ်ဆောင်များစွာနဲ့ ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီနေ့ မှာတော့ ပရိသတ်တွေ အရမ်းကိုစိတ်ဝင်စားနေတဲ့ “အနမ်းဝိုင်”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပဲ့ကိုင်ရှင် လူငယ် ဒါရိုက်တာ အောင်မြတ်နဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်။
ဒါရိုက်တာအောင်မြတ်ကတော့ အနမ်းဝိုင်ရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်းဇာတ်ကွက်ကျကျ အချိတ် အဆက်မိမိနဲ့ ရုပ်ရှင်တစ်ကားလုံး အစကနေအဆုံးအထိ အသက်ဝင်ရုပ်လုံးကြွလာအောင် ဖန်တီးပုံဖော် ရိုက်ကူးပေးခဲ့တဲ့ သူပဲဖြစ်ပါတယ်။ဒီဇာတ်ကားကြီးကို လာရောက်ကြည့်ရှု့မယ့် ပရိသတ်တွေ အားလုံးဇာတ်ရှိန် မြင့်မြင့် နဲ့ စီးမျောခံစားနိုင်အောင် ပုံသွင်းရိုက်ကူးပေးထားတဲ့ ထူးချွန်ဒါရိုက်တာ တစ်ယောက်ဖြစ်သလို ဇာတ်ကားကြီးရဲ့ နာမည်လေးအတိုင်း ဝိုင်ချိုတစ်ခွက်ကဲ့သို့ ပရိသတ်တွေ ယစ်မူးသွားအောင် ညို့ယူနိုင်စွမ်း ရှိတဲ့ နတ်ဘုရားတစ်ပါးလို့လည်း ဆိုရပါမယ်။လက်ရှိနှုတ်ခမ်းနီ မလေးတွေရဲ့ ကြားမှာလည်း အရမ်းကို ရေပန်းစားလျက်ရှိတဲ့ ဒါရိုက်တာ အချောလေးပဲဖြစ်ပါတယ်။
အနုပညာလမ်းကြောင်းပေါ်မှာ တစ်စထက်တစ်စ နာမည်ရရှိလာပြီး ဗီဒီယိုဇာတ်ကား၊သီချင်း MTV များစွာ ကိုလည်း သူမတူတဲ့ ဖန်တီးမှုတွေနဲ့ ရိုက်ကူးလေ့ရှိတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။လူငယ်ဒါရိုက်တာ တစ် ယောက်ဖြစ်ပေမယ့် သူရဲ့ ဖန်တီးမှု အနုပညာတွေကတော့ တကယ့်ကို အံ့မခန်းလောက်ရအောင်ကို ထူးခြားလှ ပါတယ်။အနမ်းဝိုင်ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ အောင်မြတ်ရိုက်ကူးမယ် လို့သတင်းတွေ ထွက်ခဲ့စဉ်ကတည်း က ချစ်ပရိသတ်တွေ အရမ်းကိုစိတ်ဝင်စားခဲ့ရတာ ပဲဖြစ်ပါတယ်။လာမယ့် ဒီဇင်ဘာ(၂)ရက်နေ့မှာတော့ ပရိသတ် တွေ စိတ်ဝင်စားနေတဲ့ အနမ်းဝိုင်ရုပ်ရှင်ကားကြီးကို တစ်နိုင်ငံလုံးမှာရုံတင်ပြသသွားမှာဖြစ်ပြီး အဓိက သရုပ် ဆောင်တွေ ဖြစ်ကြတဲ့ အောင်ရဲလင်းနဲ့ ဝတ်မှုန်ရွှေရည်တို့ရဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ ဒါရိုက်တာ အောင်မြတ်ရဲ့ အနုပညာဖန်တီးမှုတွေကို ချစ်ပရိသတ်တွေ ကြည့်ရှု့ခံစားရတော့မှာပဲဖြစ်ပါတယ်။ လက်ရှိမှာ တော့ ပရိသတ်တွေရဲ့ ရင်ခုန်သံလှိုင်းတွေကို ပိုမိုမြန်ဆန် လှုပ်ခတ်သွားစေမယ့် ဒါရိုက်တာ အောင်မြတ်ရဲ့ ပုံရိပ်လေးတွေ မျှဝေပေးလိုက်ပါတယ်နော်။
သတင်းအရင်းအမြစ် - အနမ်းဝိုင်(Page)
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။