အလှမယ်တစ်ဦးဖြစ်တဲ့ မော်လ်ဒယ်သရုပ်ဆောင် ဟန်လေးတစ်ယောက်ကတော့ ကချင်ရိုးရာဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတာ တွေ့ရပါတယ်..။

ဒီရက်ပိုင်း ခရီးတွေဆက်တိုက်ထွက်ဖြစ်နေတဲ့ ရှမ်းမလေးတစ်ယောက်ဖြစ်တဲ့ ဟန်လေးကတော့ လတ်တလောမှာ ကချင်ပြည်နယ်ကို အလည်အပတ်ရောက်ရှိနေတာ ဖြစ်ပါတယ်..။

သူမရဲ့ ခရီးသွားပုံရိပ်လေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို အမြဲ ပြန်လည်မျှဝေလေ့ရှိတာလည်း တွေ့ရပါတယ်..။

လတ်တလောမှာ ကချင်ပြည်နယ်ရောက်ရှိနေတဲ့အကြောင်းကိုလည်း ကချင်ရိုးရာဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

“(စောရအိုင်) ကချင်မြေရောက် ရှမ်းမလေးတစ်ယောက်..” ဆိုပြီး သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့အတူ ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

သူမရဲ့ အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း ကချင်ရိုးရာဝတ်စုံလေးနဲ့ လိုက်ဖက်ပြီး ချစ်စရာကောင်းတဲ့အကြောင်းလေးတွေကို Comment များပေး ရေးသားထားကြတာ တွေ့ရပါတယ်..။

ပရိသတ်အချစ်တော် တစ်ဦးဖြစ်လာတဲ့ မော်လ်ဒယ်သရုပ်ဆောင် အလှမယ်ဟန်လေးကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူလေးလည်း ဖြစ်ပါတယ်..။

လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကာ အခမ်းအနားပွဲတော်တော်များများလည်း တတ်ရောက်နေပြီး ဓာတ်ပုံ၊ မဂ္ဂဇင်ကြော်ငြာများလည်း ရိုက်ကူးပေးနေတယ်လို့ သိရပါတယ်..။

သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း တစ်ယောက်တည်းဖြစ်သွားပြီဆိုတဲ့ အကြောင်းကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြထားတာ တွေ့ရပါတယ်..။

Source - ဟန်လေး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။