အဆိုတော်အာဘွိုင်းနဲ့ မော်လ်ဒယ်သရုပ်ဆောင် မြတ်ရတနာကျော်တို့ စုံတွဲလေးကတော့ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲတွေထဲက တစ်တွဲအပါအဝင်ပါပဲ..။

အခုတစ်ခါမှာလည်း အားကျပျော်ရွှင်စရာ နှစ်ကိုယ်တူ မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ သူတို့နှစ်ဦးအတွက် နောက်ထပ် သတင်းကောင်းလေး တစ်ခုရောက်ရှိလာခဲ့ပြန်ပါတယ်..။

အဲ့ဒီသတင်းကောင်းလေးကတော့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ သူတို့ရဲ့ မိသားစုဘဝလေးထဲကို မကြာခင်မှာပဲ နောက်ထပ် မိသားစုဝင်သစ်လေး ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်..။

အဆိုတော် အာဘွိုင်းက သူတို့ရဲ့ အဲ့ဒီပျော်ရွှင်စရာသတင်းကောင်းလေးကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ status တင်ပြီး ပရိသတ်တွေကို အသိပေးမျှဝေလိုက်တာ ဖြစ်ပါတယ်..။

ဇန်နဝါရီ(၂၄)ရက်နေ့က အာဘွိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ကလေးပုံလေးနဲ့ Status လေးတစ်ခုတင်ပြီး Feeling နေရာမှာတော့ feeling blessed ..ဆိုပြီး မြတ်ရတနာကျော်ကို with လုပ်ထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ အနုပညာရှင်ဆယ်လီတွေနဲ့ ပရိသတ်တွေအပြင် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း ဂုဏ်ပြုစကားများ ပြောထားကြတာ တွေ့ရပါတယ်..။

သိပ်ချစ်ကြတဲ့ သူတို့စုံတွဲလေးအတွက်ကတော့ တကယ်ကို သတင်းကောင်းလေးပါပဲ ပရိသတ်ကြီးရေ..

အဆိုတော် အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ စုံတွဲလေးကတော့ သူတို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာညစာ စားပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၁)ရက်နေ့က အင်းလေးမှာ ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်..။

ပျော်ရွှင်စရာကောင်းတဲ့ သူတို့ရဲ့မင်္ဂလာပွဲလေးကိုလည်း အနုပညာရှင်များနဲ့ အခြားနာမည်ကြီးဆယ်လီတွေ တော်တော်များများလည်း တတ်ရောက်ခဲ့ပါတယ်..။

Source – Kyaw Phyo Tun fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။