ချစ်စရာဓာတ်ပုံလှလှလေးတွေကို ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိတဲ့ မင်းသမီးချောလေးတွေထဲမှာ မင်းသမီးလေး မေမြင့်မိုရ်ကလည်း တစ်ဦးအပါအဝင်ပါပဲ..။
MRTV-4 ဇာတ်ကားတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး မော်လ်ဒယ် သရုပ်ဆောင် အဖြစ် အနုပညာလောကထဲကို ဝင်ရောက်ခဲ့တဲ့ မင်းသမီးချော မေမြင့်မိုရ်ဟာ အခုဆိုရင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်..။
မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ မြန်မာဆန်ဆန်လေးနဲ့ သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိသူလေးလည်း ဖြစ်ပါတယ်..။
အခုတစ်ခါမှာလည်း “အချစ်ကင်းမဲ့ဇုန်မှာ....မေက တစ်ယောက်တည်းလည်း အဆင်ပြေပါတယ်..” ဆိုပြီး သူမရဲ့ မြန်မာဆန်ဆန်ပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။
မြန်မာဝတ်စုံလေးတွေကို အမြဲ စွဲစွဲမြဲမြဲ ဝတ်တတ်တဲ့ သူမကတော့ မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်ရတာလည်း ကြိုက်နှစ်သက်တဲ့ အကြောင်းကိုလည်း ပြောပြထားပါသေးတယ်..။
ယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ အခုတစ်ခေါက်မှာလည်း သူမရဲ့ အလှဓာတ်ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။
အေးချမ်းပြီးနှစ်လိုဖွယ် မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ မွန်မြတ်ပြီး ချစ်စရာကောင်းတဲ့ စိတ်သဘောထားလေးကိုလည်း ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။
ရိုးရိုးလေးနဲ့ နန်းဆန်ပြီး ချစ်စရာဓာတ်ပုံလှလှလေးနဲ့ သူမရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို အမြဲ ပြန်လည်မျှဝေလေ့ရှိသူလေးလည်း ဖြစ်ပါတယ်..။
ချစ်စရာကောင်းပြီး အေးချမ်းလှပတဲ့ မျက်နှာလေးနဲ့ အပြုံးချိုချိုလေးတွေနဲ့ သူမရဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေကတော့ အချစ်ပိုနေရဆဲပါပဲ..။
Source - မေမြင့်မိုရ် fb
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။