မင်းသမီးချောလေး ရတနာဖြူဖြူအောင်ကတော့ အနုပညာလုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းခဲ့ပြီး သရုပ်ဆောင်လောကကနေ အနားယူနေခဲ့ တာပဲဖြစ်ပါတယ်။သူမအနုပညာလောက ကနေခေတ္တအနားယူ နေစဉ်ကာလမှာတော့ အရမ်းကိုဝိတ်တက်လာခဲ့ပြီး ဝလို့လှလို့ဆိုတဲ့ ဆောင်ပုဒ်လေးကို လက်ကိုင်ထားခဲ့ တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေလည်း ပြန်လည်လုပ်ကိုင် လာပြီးဖြစ်ပြီ သူမရဲ့ ခန္ဓာကိုယ်ဘော်ဒီဝိတ်ကိုလည်း တြဖေးဖြေး ပြောင်းလဲနေပြီ ပဲဖြစ်ပါတယ်။
သူမအနုပညာလုပ်ငန်း ခေတ္တရပ်ဆိုင်းထားတဲ့ကာလအတွင်းက ထက်စာရင် အများကြီးပိန်သွား တာကိုတွေ့ရပါတယ်။ဝိတ်တွေချပြီး အရမ်းကိုလှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေ မြင်တွေ့ရတာ ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ရှမ်းပြည်နယ် ခရီးစဉ်လေး နဲ့ မိသားစုခရီးလေး ထွက်ပြီး ပျော်နေတာပဲဖြစ်ပါတယ်။
လက်တလောအနုပညာ လှုပ်ရှားမှုအနေနဲ့ကတော့ လိပ်ပြာခေါင်မိုး ဆိုတဲ့ ဇာတ်လမ်းတွဲလေး ရိုက်ကူးထားပြီး ယခုနောက်ထပ် ဆွဲစားတဲ့ပွဲစား ဇာတ်လမ်းလေး ရိုက်ကူးနေ တာပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ မင်းသားချော ခန့်စည်သူ၊နေလရောင်၊နန်းထိပ်ထားစံတို့နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပြီး သူမရဲ့ ပြောင်းလဲလိုက်တဲ့ ခန္ဓာကိုယ်လှလှလေးနဲ့ မြင်တွေရမှာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေကလည်း ချစ်ပရိသတ်တွေစောင်မျှော်နေကြတဲ့ ရတနာဖြူဖြူအောင်အနုပညာ ခြေလှမ်း အသစ်တွေကို အားပေးဖို့ အဆင့်သင့်ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်နော်။
သတင်းအရင်းအမြစ် - ရတနာဖြူဖြူအောင်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။