ဂီတလောကမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ ထိပ်တန်းအဆိုတော် တစ်ဦးဖြစ်တဲ့ အာဇာနည်ကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခုကို ပိုင်ဆိုင်လို့ထားပါတယ်။ ချစ်စရာကောင်းတဲ့ ဇနီးသည် ဝမ်း က ချစ်စရာ သားလေးတွေကို မွေးဖွားပေးထားပြီး သားငယ်လေး ကိုတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ မွေးဖွားခဲ့တာဖြစ်ပြီး ကလေးကော မိခင်ပါကျန်းမာပြီး နာမည်ကိုတော့ "ချစ်ချစ်တုန်" လို့ ပေးထားကြောင်း သိရပါတယ်။
                        
                    
                        
                    ပထမသားအကြီးလေး သား ဖစ်ဖစ်တုန်လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်ပြီး ယခု (၁၀) ရက်သား ပေါက်စကလေး ချစ်ချစ်တုန် ကလည်း ပရိသတ်တွေကြား ချစ်စရာကောင်းလို့ နေပြန်ပါတယ်။ ယနေ့မှာတော့ ဖေဖေ အာဇာနည် နဲ့ မေမေ ဝမ်းတို့ဟာ သားငယ်လေး ချစ်ချစ်တုန်ရဲ့ (၁၀) ရက်ပြည့် မွေးနေ့အလှူကို နေအိမ်မှာ မိသားစုနဲ့အတူ သင်္ကန်နဲ့ နဝကမ္မအလှူပြုခဲ့တာကို တွေ့ရပါတယ်။
                        
                    အာဇာနည်ရဲ့ လူမှုစာမျက်နှာမှာတော့ "ချစ်ချစ်တုန်လေး ၁၀ ရက်ပြည့်မွေးနေ့ မှာ ဘုန်းဘုန်းကြီးအား သင်္ကန်းနှင့်နဝက္မ လှူတန်းဖြစ်ပါတယ်" ဆိုပြီး ကြည်နူးဖွယ် အလှူပြုကုသိုလ်ယူနေတဲ့ ဓာတ်ပုံလေးတွေနဲ့အတူ တင်လို့ထားတာ တွေ့ရပါတယ်။ အဆိုတော် အာဇာနည်ဟာ အောင်မြင်မှု ကြီးမားခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး လက်ရှိမှာ သီချင်းအသစ်တွေ ထပ်မံထွက်ရှိခြင်း မရှိပေမဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယနေ့တိုင်ရရှိနေဆဲ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။
ကဲ ပရိသတ်ကြီးအတွက် ကြည်နူးစရာကောင်းတဲ့ အာဇာနည်တို့ မိသားစုဓာတ်ပုံလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်...
                        
                    
                        
                    Source: Zani Myo Nyunt
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
    Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။