အနုပညာလောကရဲ့ပရိသတ်တွေ စိတ်ဝင်စား အားပေးကြတဲ့ အနုပညာစုံတွဲတွေထဲမှာ အောင်လေး နဲ့ ဟန်လေး တို့ ချစ်သူစုံတွဲလည်း ပါဝင်ပါတယ်။ နှစ်ဦးစလုံးဟာ ဝါသနာတူ အနုပညာရှင်တွေဖြစ်ကြပြီး ကိုယ်ပိုင်ပရိသတ်ကိုယ်စီနဲ့ အနုပညာလောကမှာ နေရာ တစ်နေရာရထားကြသူတွေလည်း ဖြစ်ပါတယ်။ သူတို့ ချစ်သူစုံတွဲဟာ ပရိသတ်တွေ အားကျရတဲ့ စုံတွဲတစ်တွဲဖြစ်ပေမဲ့ လက်ရှိမှာတော့ နှစ်ယောက်သား ဇာတ်လမ်းတစ်ခန်းရပ်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
ပြတ်ဆဲမှုနဲ့ပတ်သတ်ပြီး အင်တာဗျူးတွေမှာဖြေဆိုခဲ့ကြသလို သူတို့ရဲ့ လူမှုစာမျက်နှာထက်မှာလည်း ရေးသားထားခဲ့ကြပါတယ်။ လက်ရှိနောက်ဆုံးအနေနဲ့ ဟန်လေးဟာ သူမရဲ့ လူမှုစာမျက်နှာမှာ ယခုလို ထပ်မံရေးသားခဲ့ပါတယ်။
"နောက်ဆုံးအကြိမ် စကားပြောချင်တယ်ဆိုလို့ ဒီကနေပဲ ပြောလိုက်ပါတော့မယ်
ဗီလိန်တစ်ယောက်လို.... အမှားမဟုတ်တဲ့ အမှားတစ်ခုကို စွပ်စွဲပြီး
Public မှာ အရှက်ခွဲခဲ့တာတွေ...
လူတိုင်းကို လိုက်ပြောနေတဲ့
နောင်တရနေပါပြီ..
တောင်းပန်ချင်လို့ပါ ဆိုတဲ့ စကားလုံးတွေက
ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို ချေဖျက်သွားမှာ မဟုတ်ဘူး
မလိုချင်တော့ဘူး ဆိုပြီး ပစ်ချခဲ့ပြီးသားပဲလေ..
ဒါကြောင့်မလို့
ခဏခဏ ဖုန်းခေါ်နေတာတွေ...
Msg တွေ ပို့နေတာတွေ....
အိမ်အထိ လိုက်ရှာတွေ.....
ဘယ်နည်းနဲ့မှ မနှောက်ယှက်ပါနဲ့တော့....
အရာရာကို သည်းခံပြီးနားလည် ချစ်ပေးခဲ့တဲ့ သူတွေ
ပြတ်သားပြီးဆိုရင် အဆုံးစွန်ဆုံးထိ ပြတ်သားတတ်ကြတယ်
အခု ဘာခံစားချက်မှ မရှိတော့ပါဘူး...
လွတ်လပ်စွာ အမြင့်ကိုပျံသန်းခွင့်ပေးပါတော့...
ကျမတို့ ပတ်ဝန်းကျင်က သူငယ်ချင်းတွေကလဲ
ကျမကို ညီမတစ်ယောက်လို စာနာရင်...
မိန်းကလေးချင်း ကိုယ်ချင်းစာပေးနိုင်မယ်ဆိုရင်
ကျမကို အနှောင့်အယှက်ပေးနေတာတွေ ရပ်တန့်ပြီး
ကိုယ့်လမ်းကိုယ်လျှောက်ဖို့...
အအောင်မြင်ဆုံးဖြစ်အောင်သာ ကြိုးစားသွားဖို့သာ တိုက်တွန်းပေးကြပါ
အရာအားလုံးအတွက် လိပ်ပြာလုံခဲ့ပါတယ်" ဆိုပြီး ရေးသားခဲ့ပါတယ်။ ဒါ့အပြင် comment မှာလည်း
"ခွင့်လွှတ်ပေးပါလို့ ပြောနေရအောင် ကိုယ်ထိ့လက်ရောက် အရိုက်ခံနေရတာက ဟန်လေးပါ ဒီထက်ဆိုးတာတွေ ပြောမထွက်ပါရစေနဲ့ သူနာမည်ပျက်မှာစိုးလို့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ ဒီနေ့က စပြီးသူနဲ့ ပတ်သတ်တာတွေ လဲ လာမရေး လာမပြောပါနဲ့ အကုန် block ပစ်မယ် သူကို အားပေးရင် သူါက်ုသွယးပြော ပါ စိတ်တွေ သီးမခံနိုင်တော့ဘူး" ဆိုပြီး ရေးသားခဲ့ပါသေးတယ်။
Source: Nan Shwe Aye
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။